?bph6

Place your ads here!

ရခိုင္အေရး အစိုးရ၊ တပ္နဲ႔အတူ လႊတ္ေတာ္ ပူးေပါင္းလုပ္ေဆာင္မယ္

ရခိုင္ေဒသတည္ၿငိမ္ေအးခ်မ္းဖို႔ အတြက္ အစိုးရ၊ တပ္မေတာ္ နဲ႔အတူ လႊတ္ေတာ္က ပူးေပါင္းကူညီလုပ္ေဆာင္သြားမယ္လို႔ အမ်ဳိးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေအးသာေအာင္က ေျပာပါတယ္။

စက္တင္ဘာ ၁၂ ရက္နဲ႔ ၁၃ ရက္မ်ားမွာ ရခိုင္ကိုသြားေရာက္ျပီး ကူညီေထာက္ပံ့မႈတြ လုပ္ခဲ့စဥ္အတြင္း ေျပာခဲ့တာျဖစ္ျပီး ရခုိင္မွာ ၂ဝ၁၂၊ ၂ဝ၁၆ နဲ႔ ၂ဝ၁၇ သုံးႀကိမ္ ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေတြထဲ ဒီတစ္ႀကိမ္ကေတာ့ အဆိုးဆုံးျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။

အမ်ဳိးသားလႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးေအးသာေအာင္ဟာ လႊတ္ေတာ္အေနနဲ႔ ျပည္သူေတြ ႀကံဳေတြ႕ရတဲ့ ဒုကၡေတြကို တစ္ဖက္တစ္လမ္းက ဘယ္လိုပံ့ပိုးႏိုင္မလဲ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ကိုယ္တိုင္ ကိုယ္က်ေတြ႕ျမင္ရၿပီး လတ္တေလာ ဘာေတြေဆာင္ရြက္ေပး ႏိုင္မလဲ၊ ေရရွည္မွာ ဘယ္လိုလုပ္ရမလဲဆိုတာ သိရေအာင္ ရွမ္း၊ ကရင္၊ ကခ်င္၊ ရခိုင္ တိုင္းရင္းသားေတြပါတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကိုေခၚၿပီး ရခိုင္ကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။
(USA)
………………….။ ။ ……………………..

ရခိုင်အရေး အစိုးရ၊ တပ်နဲ့အတူ လွှတ်တော် ပူးပေါင်းလုပ်ဆောင်မယ်

ရခိုင်ဒေသတည်ငြိမ်အေးချမ်းဖို့ အတွက် အစိုးရ၊ တပ်မတော် နဲ့အတူ လွှတ်တော်က ပူးပေါင်းကူညီလုပ်ဆောင်သွားမယ်လို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက်များမှာ ရခိုင်ကိုသွားရောက်ပြီး ကူညီထောက်ပံ့မှုတွေလုပ်ခဲ့စဉ်အတွင်း ပြောခဲ့တာဖြစ်ပြီး ရခိုင်မှာ ၂ဝ၁၂၊ ၂ဝ၁၆ နဲ့ ၂ဝ၁၇ သုံးကြိမ် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေထဲ ဒီတစ်ကြိမ်ကတော့ အဆိုးဆုံးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်ဟာ လွှတ်တော်အနေနဲ့ ပြည်သူတွေ ကြုံတွေ့ရတဲ့ ဒုက္ခတွေကို တစ်ဖက်တစ်လမ်းက ဘယ်လိုပံ့ပိုးနိုင်မလဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင် ကိုယ်ကျတွေ့မြင်ရပြီး လတ်တလော ဘာတွေဆောင်ရွက်ပေး နိုင်မလဲ၊ ရေရှည်မှာ ဘယ်လိုလုပ်ရမလဲဆိုတာ သိရအောင် ရှမ်း၊ ကရင်၊ ကချင်၊ ရခိုင် တိုင်းရင်းသားတွေပါတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကိုခေါ်ပြီး ရခိုင်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။(USA)

adv_banner