UNFC ထိပ္သီးစည္းေ၀း ျပဳလုပ္

ညီညြတ္ေသာတိုုင္းရင္းသားလူမ်ဳိးမ်ားဖက္ဒရယ္ေကာင္စီ UNFC ထိပ္သီးအစည္းအေ၀းတရပ္ကို ထိုင္းႏိုင္ငံ၊ ခ်င္းမိုင္ၿမိဳ႕မွာ ၂ ရက္တာ က်င္းပျပဳလုပ္ခဲ့ၿပီး NCA မွာ လက္မွတ္ထိုးေရးကိစၥ ေဆြးေႏြးခဲ့ၾက ပါတယ္။

UNFC&JY ပထမအႀကိမ္၊ ဗဟိုုအလုုပ္အမွုေဆာင္ေကာ္မတီ တိုုးခ်ဲ႕ အစည္းအေဝးတစ္ရပ္ကို စက္တင္ဘာလ ၁၁ -နဲ႔ ၁၂ ရက္မ်ားမွာ ျပဳလုပ္ခဲ့ျပီး UNFC ရဲ႕ အစိုုးရနဲ႔ ေတြ႔ဆံုုေဆြးေႏြးေနဆဲ ျဖစ္တဲ့ အဆိုျပဳခ်က္ (၉) ခ်က္ကို Legal Binding အျဖစ္ NCA နဲ႔ အတူတကြ ဘယ္ပံုဘယ္နည္း သေဘာတူလက္မွတ္ ေရးထိုုးၾကမယ္ဆိုုတဲ့ ကိစၥ၊ UNFC ရဲ႕ ေရွ႕ ဆက္လုုပ္ငန္းစဥ္မ်ားနဲ႔ လတ္တေလာ ရခိုုင္ၿပည္နယ္ေျမာက္ပိုုင္းမွာ ျဖစ္ပြားေနတဲ့ အၾကမ္းဖက္တိုုက္ခိုုက္မွု မ်ားအေပၚ ေဆြးေႏြးသံုးသပ္မွုမ်ား ျပဳလုုပ္ခဲ့ၾကတယ္လို႔ UNFC သတင္းထုုတ္ျပန္ေရးအဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။
(USA)
………………………..။ ။ …………………………

UNFC ထိပ်သီးစည်းဝေး ပြုလုပ်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ထိပ်သီးအစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး NCA မှာ လက်မှတ်ထိုးရေးကိစ္စ ဆွေးနွေးခဲ့ကြ ပါတယ်။
UNFC&JY ပထမအကြိမ်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့ အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာလ ၁၁ -နဲ့ ၁၂ ရက်များမှာ ပြုလုပ်ခဲ့ပြီး UNFC ရဲ့ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးနေဆဲ ဖြစ်တဲ့ အဆိုပြုချက် (၉) ချက်ကို Legal Binding အဖြစ် NCA နဲ့ အတူတကွ ဘယ်ပုံဘယ်နည်း သဘောတူလက်မှတ် ရေးထိုးကြမယ်ဆိုတဲ့ ကိစ္စ၊ UNFC ရဲ့ ရှေ့ ဆက်လုပ်ငန်းစဉ်များနဲ့ လတ်တလော ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်ခဲ့ကြတယ်လို့ UNFC သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။(USA)

adv_banner