?bph6

Place your ads here!

ဝတၱရားေႏွာင့္ယွက္ၿပီး ဘာသာေရး ေစာ္ကား ေျပာဆိုသူကို အေရးယူ

ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္မွာ စက္တင္ဘာ ၄ ရက္ေန႔က စည္းကမ္းမဲ့ရပ္ထားတဲ့ ေမာ္ေတာ္ယာဥ္ေတြကို အေရးယူ ေဆာင္ရြက္စဥ္မွာ တာဝန္ရွိသူေတြကို ေႏွာင့္ယွက္ဟန္႔တားၿပီး ဘာသာသာသနာ ေစာ္ကားေျပာဆိုသူကို အေရးယူထားပါတယ္။

ေက်ာ္စိုးဝင္း (ခ) ယူစြတ္ ဆိုသူကို စက္တင္ဘာ ၅ ရက္ေန႔မွာ မဂၤလာေတာင္ညြန္႔ ၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ၿပီး ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးႏိုင္ေရး ေဆာင္ရြက္ခဲ့ပါတယ္။

ေက်ာ္စိုးဝင္း (ခ) ယူစြတ္က စက္တင္ဘာလ ၁၂ ရက္ေန႔ မနက္ ၉ နာရီမွာ မဂၤလာေတာင္ညြန္႔ ရဲစခန္းကို လာေရာက္ အဖမ္းခံခဲ့တဲ့အတြက္ တရား႐ံုးသို႔ တရားစြဲဆိုတင္ပို႔လိုက္ပါတယ္။
………………………….။ ။ ……………………………

ဝတ္တရားနှောက်ယှက်ပြီး ဘာသာရေး စော်ကား ပြောဆိုသူကို အရေးယူ

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ စက်တင်ဘာ ၄ ရက်နေ့က စည်းကမ်းမဲ့ရပ်ထားတဲ့ မော်တော်ယာဉ်တွေကို အရေးယူ ဆောင်ရွက်စဉ်မှာ တာဝန်ရှိသူတွေကို နှောင့်ယှက်ဟန့်တားပြီး ဘာသာသာသနာ စော်ကားပြောဆိုသူကို အရေးယူထားပါတယ်။

ကျော်စိုးဝင်း (ခ) ယူစွတ် ဆိုသူကို စက်တင်ဘာ ၅ ရက်နေ့မှာ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှာ အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ခဲ့ပါတယ်။

ကျော်စိုးဝင်း (ခ) ယူစွတ်က စက်တင်ဘာလ ၁၂ ရက်နေ့ မနက် ၉ နာရီမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းကို လာရောက် အဖမ်းခံခဲ့တဲ့အတွက် တရားရုံးသို့ တရားစွဲဆိုတင်ပို့လိုက်ပါတယ်။

adv_banner