?bph6

Place your ads here!

ရခိုင္အေရး နဲ႔ ပတ္သက္ၿပီး အာဆီယံႏုိင္ငံျခားေရး ဝန္ႀကီးေတြ ေဆြးေႏြးမယ္

ျမန္မာႏိုင္ငံရခုိင္ျပည္နယ္ ေျမာက္ပိုင္းက ပဋိပကၡေတြနဲ႔ ပတ္သက္ၿပီး အာဆီယံႏုိင္ငံျခားေရး ဝန္ႀကီးေတြေဆြးေႏြးမႈေတြ
လုပ္သြားမွာျဖစ္ပါတယ္။

အာဆီယံႏုိင္ငံေတြရဲ႕ ႏုိင္ငံျခားေရဝန္ႀကီးေတြ ဟာ ၇၂ ႀကိမ္ေျမာက္က်င္းပတဲ့ ကုလသမဂၢ ညီလာခံ နားခ်ိန္မွာ ေဆြးေႏြးမႈလုပ္မွာျဖစ္ပါတယ္။ ရခုိင္ျပည္နယ္ အေရးနဲ႔ပတ္သက္ၿပီး ပူးေပါင္းေဆာင္ရြက္မႈ နဲ႔ အကူညီေပးႏုိင္ေရးကိုအဓိက ထားေဆြးေႏြးသြားမယ္လုိ႔ အာဆီယံအဖြဲ႔ရဲ႕ထုိင္း ကိုယ္စားလွယ္ ဖာပြန္ ဆန္ဂါဆူဘာနာကေျပာပါတယ္။

အာဆီယံရဲ႕အေျခခံမႈမွာ ျပည္တြင္းေရး ကို ဝင္ေရာက္စြက္ဖက္မႈမျပဳရဆုိတဲ့အခ်က္ေၾကာင့္ ေဆြးေႏြးမႈေတြကို ထုတ္ေဖာ္သြား မဟုတ္ဘူး လို႔ အာဆီယံအဖြဲ႔ရဲ႕ ထိုင္းကုိယ္စားလွယ္ကေျပာပါတယ္။

အာဆီယံရဲ႕အေျခခံ မႈမွာ ျပည္တြင္းေရး ကို ဝင္ေရာက္စြက္ဖက္မႈ မျပဳရဆုိတဲ့အခ်က္ေၾကာင့္ ေဆြးေႏြးမႈေတြကို ထုတ္ေဖာ္သြားမဟုတ္တဲ့အျပင္ ျမန္မာႏုိင္ငံရဲ႕ လက္ရွိေျခေန ေတြဟာ ျပည္တြင္းေရးျပသာနာေတြသာျဖစ္တယ္လို႔ အာဆီယံအဖြဲ႔ ရဲ႕ထုိင္း အျမဲတမ္းကိုယ္စားလွယ္ က ေျပာပါတယ္။
……………………………။ ။ ……………………………

ရခိုင်အရေး နဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးမယ်

မြန်မာနိုင်ငံရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေရဲ့ နိုင်ငံခြားရေဝန်ကြီးတွေ ဟာ ၇၂ ကြိမ်မြောက်ကျင်းပတဲ့ ကုလသမဂ္ဂ ညီလာခံ နားချိန်မှာ ဆွေးနွေးမှုလုပ်မှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှု နဲ့ အကူညီပေးနိုင်ရေးကိုအဓိက ထားဆွေးနွေးသွားမယ်လို့ အာဆီယံအဖွဲ့ရဲ့ထိုင်း ကိုယ်စားလှယ် ဖာပွန် ဆန်ဂါဆူဘာနာကပြောပါတယ်။ အာဆီယံရဲ့အခြေခံ မှုမှာ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်မှုမပြုရဆိုတဲ့အချက်ကြောင့် ဆွေးနွေးမှုတွေကို ထုတ်ဖော်သွား မဟုတ်ဘူး လို့ အာဆီယံအဖွဲ့ရဲ့ ထိုင်းကိုယ်စားလှယ်ကပြောပါတယ်။ အာဆီယံရဲ့အခြေခံ မှုမှာ ပြည်တွင်းရေး ကို ဝင်ရောက်စွက်ဖက်မှုမပြုရဆိုတဲ့အချက်ကြောင့် ဆွေးနွေးမှုတွေကို ထုတ်ဖော်သွားမဟုတ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိခြေနေ တွေ ဟာ ပြည်တွင်းရေးပြသာနာတွေသာဖြစ်တယ်လို့ အာဆီယံအဖွဲ့ ရဲ့ထိုင်း အမြဲတမ်းကိုယ်စားလှယ် က ပြောပါတယ်။

adv_banner