ရခိုင္ျပည္နယ္မွာ ဆရာ၊ ဆရာမေတြ လံုၿခံဳေရး အထူးေဆာင္ရြက္ေပးဖို႔ ေတာင္းဆို

ရခိုင္ျပည္နယ္ထဲက အၾကမ္းဖက္ အႏၱရာယ္ က်ေရာက္ေနတဲ့ ဆရာ၊ ဆရာမေတြရဲ႕ အထူးလံုးၿခံဳေရး ေဆာက္ရြက္ေပးဖို႔ အစိုးရကို တိုက္တြန္းေၾကာင္း ျမန္မာႏိုင္ငံလံုးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္က စက္တင္ဘာ ၁၃ ရက္ေန႔ ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ARSA အၾကမ္းဖက္မႈ ျဖစ္စဥ္မွာ အရပ္သား၊ တျခားဝန္ထမ္းေတြနည္းတူ ဆရာ၊ ဆရာမေတြလည္း ေဘးသင့္ေဒသေတြမွာ ပိတ္မိခဲ့ေၾကာင္း၊ ေမာင္ေတာ၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ ၿမိဳ႕နယ္မွာ ဆရာ၊ ဆရာမေတြ အေနနဲ႔ စက္တင္ဘာ ၁၇ ရက္ေနာက္ဆံုးထားၿပီး တာဝန္က်ရာေနရာမွာ ျပန္လည္ တာဝန္ထမ္းေဆာင္ဖို႔နဲ႔ မထမ္းေဆာင္ရင္ ဝန္ထမ္းစည္းကမ္းနဲ႔ အေရးယူမယ္ဆိုတဲ့ ေၾကညာထားတာကို ဝမ္းနည္းဖြယ္ ေတြ႔ရေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အၾကမ္းဖက္ အႏၱရာယ္ စိုးရိမ္ရဆဲ ေဒသမ်ားသို႔ ဆရာ၊ ဆရာမေတြကို အတင္းအၾကပ္ မေစလႊတ္ဖို႔၊ အေျခအေန တည္ၿငိမ္ေၾကာင္း အာမခံႏိုင္မွ ေစလႊတ္ဖို႔နဲ႔ ေစလႊတ္ရာမွာ လံုၿခံဳေရးကို အျပည့္အဝ အာမခံဖို႔၊ အၾကမ္းဖက္ခံရမႈေၾကာင့္ ဆရာ၊ ဆရာမေတြရဲ႕ ဆံုး႐ံႈးမႈေတြကို ႏိုင္ငံေတာ္နဲ႔ ပညာေရးဝန္ႀကီးဌာနက ျပန္လည္ ျဖည့္ဆည္းေပးဖို႔၊ အတင္းအၾကပ္ ေစလႊတ္ျခင္းမျပဳဘဲ ကာယကံရွင္ရဲ႕ ဆႏၵနဲ႔အညီ ညွိႏိႈင္း ေဆာင္ရြက္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။
…………………………။ ။ ………………………….

ရခိုင်ပြည်နယ်မှာ ဆရာ၊ ဆရာမတွေ လုံခြုံရေး အထူးဆောင်ရွက်ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်ထဲက အကြမ်းဖက် အန္တရာယ် ကျရောက်နေတဲ့ ဆရာ၊ ဆရာမတွေရဲ့ အထူးလုံးခြုံရေး ဆောက်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က စက်တင်ဘာ ၁၃ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ARSA အကြမ်းဖက်မှု ဖြစ်စဉ်မှာ အရပ်သား၊ တခြားဝန်ထမ်းတွေနည်းတူ ဆရာ၊ ဆရာမတွေလည်း ဘေးသင့်ဒေသတွေမှာ ပိတ်မိခဲ့ကြောင်း၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့နယ်မှာ ဆရာ၊ ဆရာမတွေ အနေနဲ့ စက်တင်ဘာ ၁၇ ရက်နောက်ဆုံးထားပြီး တာဝန်ကျရာနေရာမှာ ပြန်လည် တာဝန်ထမ်းဆောင်ဖို့နဲ့ မထမ်းဆောင်ရင် ဝန်ထမ်းစည်းကမ်းနဲ့ အရေးယူမယ်ဆိုတဲ့ ကြေညာထားတာကို ဝမ်းနည်းဖွယ် တွေ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် အန္တရာယ် စိုးရိမ်ရဆဲ ဒေသများသို့ ဆရာ၊ ဆရာမတွေကို အတင်းအကြပ် မစေလွှတ်ဖို့၊ အခြေအနေ တည်ငြိမ်ကြောင်း အာမခံနိုင်မှ စေလွှတ်ဖို့နဲ့ စေလွှတ်ရာမှာ လုံခြုံရေးကို အပြည့်အဝ အာမခံဖို့၊ အကြမ်းဖက်ခံရမှုကြောင့် ဆရာ၊ ဆရာမတွေရဲ့ ဆုံးရှုံးမှုတွေကို နိုင်ငံတော်နဲ့ ပညာရေးဝန်ကြီးဌာနက ပြန်လည် ဖြည့်ဆည်းပေးဖို့၊ အတင်းအကြပ် စေလွှတ်ခြင်းမပြုဘဲ ကာယကံရှင်ရဲ့ ဆန္ဒနဲ့အညီ ညှိနှိုင်း ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

adv_banner