?bph6

Place your ads here!




…………………………………။ ။ ………………………………

မြန်မာနိုင်ငံနဲ့ စစ်ရေးပူးပေါင်းမယ့် ဥပဒေမှုကြမ်းပါ စာသားတချို့ကို ဖယ်ရှားမယ်လို့ဆို

မြန်မာနိုင်ငံ နဲ့ အမေရိကန်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး အတွက် ကာကွယ်ရေး အသုံးစရိတ်မှုကြမ်းပါ စကားလုံးတွေကို ဖယ်ရှားမယ်လို့ အမေရိကန် ဆီးနိတ်လွှတ်တော် လက်နက်ကိုင်အဖွဲ့ ကော်မတီ ဥက္ကဋ္ဌ ဂျွန်မက်ကိန်းက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘင်္ဂါလီတွေအပေါ်ပြုမှုဆက်ဆံမှုနဲ့ လူသားချင်းဆိုင်ရာအခက်ခဲတွေ ဆိုးရွားနေမှုကြောင့် အမေရိကန်နဲ့ မြန်မာနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကာလအတန်ကြာထောက်ခံပေးတော့မှာ မဟုတ်ဘူးလို့ ဂျွန်မက်ကိန်းကပြောပါတယ်။

ဒါ့အပြင် စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ တိုးချဲရေး ကာကွယ်ရေးအသုံးစရိတ် ဥပဒေမှုကြမ်းကိုလွှတ်တော် အတွင်းဆွေးနွေးချိန်မှာ စကားအချို့ကိုဖယ်ရှားဖို့ ကြိုးပမ်းသွားမယ်လို့ ဂျွန်မက်ကိန်းကပြောပါတယ်။ အမေရိကန်လွှတ်တော် ကိုယ်စားလှယ်တွေ ဟာ အခုသီတင်းပတ် အတွင်းမှာပဲ မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲရေးနဲ့ ပတ်သက်တဲ့ ဥပဒေမူကြမ်းကို မဲခွဲဆုံးဖြတ်မှုတွေ ပ်သွားဖွယ်ရှိပါတယ်။

adv_banner