
0
12



(USA)
…………………………….။ ။ ……………………………

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၆ ဘီလီယံလောက် မှန်းထား

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပမာဏ ၆ဘီလီယံလောက် ခန့်မှန်း ထားပြီး လက်ရှိမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံ ဝင်လာပြီလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင် က ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ လုပ်ခဲ့တဲ့ Myanmar Global Investment Forum-2017 မှာ သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက အခုနှစ်အတွင်း တိုးလာပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ အစိုးရအပြောင်းအလဲဆိုတော့ လူတွေက စောင့်ကြည့်နေတဲ့ အနေအထားမျိုး ဖြစ်တယ်။

ဒီ ဖိုရမ်ကို မြန်မာစီမံဘဏ္ဍာဌာနနဲ့ ဟောင်ကောင်အခြေစိုက် Euromoney Institutional Investor (Asia) တို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေနဲ့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုမှာ ဘာတွေလုပ်ရင်ရတယ်၊ ဘာတွေကို အဆင်ပြေအောင် လုပ်ပေးထားတယ် ဆိုတာတွေကို မြန်မာဘက်က တင်ပြဆွေးနွေးခဲ့ပါတယ်။ (USA)

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here