မြန္အမ်ိဳးသား ေက်ာင္းေတြကို ျပည္နယ္အစိုးရ ကူညီမယ္

မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအးဇံက မြန္အမ်ိဳးသားပညာေရးဌာန ကြပ္ကဲမႈေအာက္ရွိ မြန္အမ်ိဳးသား ပညာ ေရးေက်ာင္းမ်ား အကူအညီေတာင္းခံလာပါက ျပည္နယ္အစိုးရအဖြဲ႔အေနနဲ႔ ကူညီေပးဖို႔ အဆင္သင့္ရွိ တယ္လို႔ ေျပာပါတယ္။

စက္တင္ဘာ ၁၁ ရက္ ျပည္နယ္လႊတ္ေတာ္မွာ ေခ်ာင္းဆံုၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာေအာင္ႏိုင္ဦးရဲ႕ မြန္အမ်ဳိးသားေက်ာင္းမ်ားကို ကူညီေထာက္ပံ့ေပးရန္ အစီအစဥ္ ရွိ မရွိ ေမးခြန္းကို ေျဖရင္း ၀န္ၾကီးခ်ဳပ္က ေျပာခဲ့တာလို႔ မြန္သတင္းေအဂ်င္စီမွာ ေဖာ္ျပပါတယ္။

မြန္အမ်ဳိးသားပညာေရးဌာန ကြပ္ကဲမႈေအာက္ရွိ မြန္အမ်ဳိးသားေက်ာင္းမ်ားဟာ မိခင္ဘာသာစကားအေျချပဳ သင္ၾကားေရးစနစ္ကို သင္ၾကားျခင္းျဖစ္ျပီး အလွဴရွင္ေတြရဲ႔ ကူညီေထာက္ပံ့မႈနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။

၂၀၁၇-၂၀၁၈ ပညာသင္ႏွစ္မွာ မြန္အမ်ဳိးသားပညာေရးေက်ာင္း ၁၃၃ ေက်ာင္းရွိၿပီး ေက်ာင္းသူေက်ာင္းသား ၁ သိန္း ၇ ေသာင္းေက်ာ္ ပညာသင္ၾကားေနၾကပါတယ္။
(USA)
………………………………။ ။ …………………………..

မွန်အမျိုးသားကျောင်းတွေကို ပြည်နယ်အစိုးရ ကူညီမယ်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မွန်အမျိုးသားပညာရေးဌာနကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသား ပညာ ရေးကျောင်းများ အကူအညီတောင်းခံလာပါက ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကူညီပေးဖို့ အဆင်သင့်ရှိ တယ်လို့ ပြောပါတယ်။
စက်တင်ဘာ ၁၁ ရက် ပြည်နယ်လွှတ်တော်မှာ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးရဲ့ မွန်အမျိုးသားကျောင်းများကို ကူညီထောက်ပံ့ပေးရန် အစီအစဉ် ရှိ မရှိ မေးခွန်းကို ဖြေရင်း ဝန်ကြီးချုပ်က ပြောခဲ့တာလို့ မွန်သတင်းအေဂျင်စီမှာ ဖော်ပြပါတယ်။
မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများဟာ မိခင်ဘာသာစကားအခြေပြု သင်ကြားရေးစနစ်ကို သင်ကြားခြင်းဖြစ်ပြီး အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ မွန်အမျိုးသားပညာရေးကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသူကျောင်းသား ၁ သိန်း ၇ သောင်းကျော် ပညာသင်ကြားနေကြပါတယ်။(USA)

adv_banner