MLM စနစ္နဲ႔ လုပ္ေနတဲ့ ကုမၸဏီေတြကို စသံုးလံုးက ဦးေဆာင္ၿပီး စစ္ေဆးေန

0
56

ႏိုင္ငံေတာ္နဲ႔ အမ်ားျပည္သူ ဆံု႐ံႈးနစ္နာမႈ မရွိေစေရးအတြက္ ႏိုင္ငံေတာ္ သမၼတ႐ံုးနဲ႔ ျပည္ထဲေရး ဝန္ႀကီးဌာနေတြရဲ႕ တာဝန္ေပးခ်က္အရ ဆင့္ပြားကြန္ရက္ ခ်ိတ္ဆက္ေရာင္းဝယ္တဲ့ စနစ္ (MLM) နဲ႔ လုပ္ငန္းလုပ္ေနတဲ့ ကုမၸဏီေတြကို ၂၀၁၇ ခုႏွစ္ ႏွစ္ဆန္းက စတင္ၿပီး အထူးစံုစမ္းစစ္ေဆးေရး ဦးစီးဌာန (စသံုးလံုး) က ဦးေဆာင္ကာ ေခၚယူစစ္ေဆးေနတယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္မွာလည္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္ေက်ာ္ဦးက MLM စနစ္နဲ႔ ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ျပည္ထဲေရး ဒု ဝန္ႀကီးက ရွင္းလင္းေျဖၾကားခဲ့ၿပီး ျဖစ္ပါတယ္။

၂၀၀၉ နဲ႔ ၂၀၁၁ ခုႏွစ္ေတြမွာ MLM စနစ္နဲ႔ ေရာင္းခ်တဲ့ ျပည္တြင္းကုမၸဏီ ၂ ခုနဲ႔ ျပည္ပကုမၸဏီ ၁ ခုတို႔ကို စစ္ေဆးေဖာ္ထုတ္ တရားစြဲဆိုကာ ျပစ္ဒဏ္ခ်မွတ္ခဲ့ပါတယ္။

MLM စနစ္နဲ႔ ေရာင္းခ်ေနတာေတြကို အေရးယူဖို႔ ဥပေဒတစ္ရပ္ ျပဌာန္းဖို႔ လိုအပ္ေနေသးတယ္လို႔လည္း ျပည္ထဲေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
………………………………..။ ။ ………………………………..

MLM စနစ်နဲ့ လုပ်နေတဲ့ ကုမ္ပဏီတွေကို စသုံးလုံးက ဦးဆောင်ပြီး စစ်ဆေးနေ

နိုင်ငံတော်နဲ့ အများပြည်သူ ဆုံရှုံးနစ်နာမှု မရှိစေရေးအတွက် နိုင်ငံတော် သမ္မတရုံးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေရဲ့ တာဝန်ပေးချက်အရ ဆင့်ပွားကွန်ရက် ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ် (MLM) နဲ့ လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီတွေကို ၂၀၁၇ ခုနှစ် နှစ်ဆန်းက စတင်ပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ဦးဆောင်ကာ ခေါ်ယူစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်မှာလည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက MLM စနစ်နဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ပြည်ထဲရေး ဒု ဝန်ကြီးက ရှင်းလင်းဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။

၂၀ဝ၉ နဲ့ ၂၀၁၁ ခုနှစ်တွေမှာ MLM စနစ်နဲ့ ရောင်းချတဲ့ ပြည်တွင်းကုမ္ပဏီ ၂ ခုနဲ့ ပြည်ပကုမ္ပဏီ ၁ ခုတို့ကို စစ်ဆေးဖော်ထုတ် တရားစွဲဆိုကာ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

MLM စနစ်နဲ့ ရောင်းချနေတာတွေကို အရေးယူဖို့ ဥပဒေတစ်ရပ် ပြဌာန်းဖို့ လိုအပ်နေသေးတယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

?bph6