ပါကစၥတန္ အၾကမ္းဖက္အဖြဲ႔က ျမန္မာႏိုင္ငံကို တံု႔ျပန္မယ္လို႔ ေျပာ

0
198

ပါကစၥတန္အေျခစိုက္ အၾကမ္းဖက္ အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ ဂ်ာအစ္ အီး မိုဟာမက္ရဲ႕ ေခါင္းေဆာင္ မာဆြတ္ေအဇာက ရခုိင္ျပည္နယ္က ဘဂၤါလီအေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံကို တံု႔ျပန္ေဆာင္ရြက္မႈေတြ လုပ္ဖို႔ ေနာက္လိုက္ေတြကို ေတာင္းဆိုလိုက္ပါတယ္။

မာဆြတ္က ေဒသအတြင္းမွာ မြတ္စလင္ေတြ တိုက္ခုိက္ သတ္ျဖတ္ခံရမႈအတြက္ တစ္စံုတစ္ခုျပဳလုပ္ေရး အဆင္သင့္ရွိေစဖို႔ သူရဲ႕ေနာက္လိုက္ေတြကို ေျပာခဲ့တာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံကမြတ္စလင္ေတြ စိုးရိမ္ေၾကာက္ရြံမႈေတြ ျဖစ္ေနတာဟာ မြတ္စလင္ကမာၻၾကား ႏိုးထမႈေတြ ျဖစ္လာေစတယ္လို႔ အၾကမ္းဖက္အဖြဲ႔ေခါင္းေဆာင္ မာဆြတ္ကေျပာဆုိခဲ့ပါတယ္။

ဂ်ာအစ္ အီး မိုဟာမက္ အဖြဲ႔ဟာ ပါကစၥတန္ႏုိင္ငံ၊ ပန္ဂ်ပ္ျပည္နယ္က ပါသန္ေကာ့စ္ ေလတပ္စခန္းကို တုိက္ခိုက္ခဲ့ဖူးကာ ကုလသမဂၢအဖြဲ႔က အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ သတ္မွတ္ထားပါတယ္။
…………………………….။ ။ ……………………………

ပါကစ္စတန် အကြမ်းဖက်အဖွဲ့က မြန်မာနိုင်ငံကို တုံ့ပြန်မယ်လို့ ပြော

ပါကစ္စတန်အခြေစိုက် အကြမ်းဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဂျာအစ် အီး မိုဟာမက်ရဲ့ ခေါင်းဆောင် မာဆွတ်အေဇာက ရခိုင်ပြည်နယ်က ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဖို့ နောက်လိုက်တွေကို တောင်းဆိုလိုက်ပါတယ်။

မာဆွတ်က ဒေသအတွင်းမှာ မွတ်စလင်တွေ တိုက်ခိုက် သတ်ဖြတ်ခံရမှုအတွက် တစ်စုံတစ်ခုပြုလုပ်ရေး အဆင်သင့်ရှိစေဖို့ သူရဲ့နောက်လိုက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကမွတ်စလင်တွေ စိုးရိမ်ကြောက်ရွံမှုတွေ ဖြစ်နေတာဟာ မွတ်စလင်ကမ္ဘာကြား နိုးထမှုတွေ ဖြစ်လာစေတယ်လို့ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် မာဆွတ်ကပြောဆိုခဲ့ပါတယ်။

ဂျာအစ် အီး မိုဟာမက် အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်က ပါသန်ကော့စ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့ဖူးကာ ကုလသမဂ္ဂအဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပါတယ်။