ျမန္မာႏိုင္ငံမွာ ေဆးရြက္ႀကီးသံုးစြဲမႈေၾကာင့္ ေသဆံုးသူ ႏွစ္စဥ္ ၆ ေသာင္းေက်ာ္ရွိ

ျမန္မာႏိုင္ငံမွာ ျမန္မာျပည္သူ ၇ သန္းေက်ာ္ဟာ ေန႔စဥ္ ေဆးရြက္ႀကီးထြက္ ပစၥည္းမ်ိဳးစံုပါတဲ့ ကြမ္းယာကို သံုးစြဲေနၾကၿပီး ေဆးရြက္ႀကီးေၾကာင့္ ႏွစ္စဥ္ ေသဆံုးသူ ၆ ေသာင္း ရွိေနပါတယ္။

သုေတသန ျပဳခ်က္အရ သိရွိရတဲ့ အဲဒီ အခ်က္အလက္ေတြကို ကြမ္းယာႏွင့္ ေဆးရြက္ႀကီးထြက္ပစၥည္းမ်ား ထိန္းခ်ဳပ္ေရး အတြက္ မီဒီယာမွတစ္ဆင့္ လူထုလံႈ႔ေဆာ္ပြဲ စတင္ဖြင့္လွစ္ျခင္း အထိမ္းအမွတ္ အခမ္းအနားကို ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ေပးပို႔တဲ့ သဝဏ္လႊာမွာ ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၄ ခုႏွစ္အတြင္း ေသဆံုးသူအားလံုးရဲ႕ ၅၉ ရာခိုင္ႏႈန္းဟာ မကူးစက္တတ္တဲ့ ေရာဂါမ်ားေၾကာင့္ ျဖစ္ၿပီး၊ အထူးသျဖင့္ ေဆးလိပ္နဲ႔ ေဆးရြက္ႀကီးထြက္ ပစၥည္းေတြ ေသာက္သံုးမႈေၾကာင့္ ျဖစ္လာတဲ့ ေရာဂါေတြကို ထိန္းခ်ဳပ္ဖို႔ လိုတယ္လို႔လည္း ထည့္သြင္းေျပာၾကားထားပါတယ္။

၂၀၁၆ ခုႏွစ္ ေမလက စၿပီး ႐ံုးမ်ား၊ ေဆး႐ံုနဲ႔ ေက်ာင္းမ်ား၊ အမ်ားျပည္သူ စုေဝးရာတို႔မွာ ကြမ္းမစားေရး အသိပညာေပးမႈ၊ ကန္႔သတ္မႈေတြ တင္းက်ပ္စြာ ေဆာင္ရြက္ဖို႔ ညႊန္ၾကားထားပါတယ္။
……………………………………………။ ။ …………………………………….

မြန်မာနိုင်ငံမှာ ဆေးရွက်ကြီးသုံးစွဲမှုကြောင့် သေဆုံးသူ နှစ်စဉ် ၆ သောင်းကျော်ရှိ

မြန်မာနိုင်ငံမှာ မြန်မာပြည်သူ ၇ သန်းကျော်ဟာ နေ့စဉ် ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံပါတဲ့ ကွမ်းယာကို သုံးစွဲနေကြပြီး ဆေးရွက်ကြီးကြောင့် နှစ်စဉ် သေဆုံးသူ ၆ သောင်း ရှိနေပါတယ်။

သုတေသန ပြုချက်အရ သိရှိရတဲ့ အဲဒီ အချက်အလက်တွေကို ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေး အတွက် မီဒီယာမှတစ်ဆင့် လူထုလှုံ့ဆော်ပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ်အတွင်း သေဆုံးသူအားလုံးရဲ့ ၅၉ ရာခိုင်နှုန်းဟာ မကူးစက်တတ်တဲ့ ရောဂါများကြောင့် ဖြစ်ပြီး၊ အထူးသဖြင့် ဆေးလိပ်နဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေ သောက်သုံးမှုကြောင့် ဖြစ်လာတဲ့ ရောဂါတွေကို ထိန်းချုပ်ဖို့ လိုတယ်လို့လည်း ထည့်သွင်းပြောကြားထားပါတယ်။

၂၀၁၆ ခုနှစ် မေလက စပြီး ရုံးများ၊ ဆေးရုံနဲ့ ကျောင်းများ၊ အများပြည်သူ စုဝေးရာတို့မှာ ကွမ်းမစားရေး အသိပညာပေးမှု၊ ကန့်သတ်မှုတွေ တင်းကျပ်စွာ ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

adv_banner