?bph6

Place your ads here!


ဘင်္ဂလားဒေရှ့် ဟတ်ကာအဖွဲ့ Cyber 71 က မြန်မာ အစိုးရ၀က်ဆိုဒ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပြီး တစ်ရက်အကြာမှာပဲ မြန်မာ ဟတ်ကာအဖွဲ့ ဟာဘင်္ဂလားဒေရှ့်အစိုးရ ဝက်ဆိုဒ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။




……………………………………………..။ ။ …………………………………………………….

ဘင်္ဂလားဒေရှ့် အစိုးရ ဝက်ဆိုက်ကို မြန်မာ ဟတ်ကာအဖွဲ့ တိုက်ခိုက်

ဘင်္ဂလားဒေရှ့် ဟတ်ကာအဖွဲ့ Cyber 71 က မြန်မာ အစိုးရဝက်ဆိုဒ်တွေကို တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ကြေညာပြီး တစ်ရက်အကြာမှာပဲ မြန်မာ ဟတ်ကာအဖွဲ့ ဟာဘင်္ဂလားဒေရှ့်အစိုးရ ဝက်ဆိုဒ်တွေကို တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
မြန်မာ ဟတ်ကာအဖွဲ့ဟာ ဘင်္ဂလားဒေရှ့် အစိုးရ ဝက်ဆိုဒ်ဖြစ်တဲ့ NDC ဝက်ဆိုဒ်ကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဝက်ဆိုဒ်ပေါ်မှာလည်း စာသားတွေနဲ့ ပုံတွေရေးဆွဲခဲ့ပါတယ်။
မြန်မာဟတ်ကာအဖွဲ့က မြန်မာနိုင်ငံ ရိုဟင်ဂျာ မရှိဘူး ဆိုတဲ့ စာသားကိုရေးသားခဲ့တဲ့အပြင် ဘင်္ဂါလီတွေ ဟာ အေးချမ်းစွာနေထိုင်တဲ့ ရခိုင်တိုင်းရင်သားတွေကိုတိုက်ခိုက် သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့လည်း ရေးသားဖော်ပြခဲ့ပါတယ်။
ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုတွေပြုလုပ်ဖို့ အစ္စလာမ်နိုင်ငံတွေမှာ လေကျင့်သင်ကြားမှုတွေ လုပ်ခဲ့ပြီးသူတို့နောက်ကွယ်မှာ OIC အဖွဲ့က ကူညီထောက်ပံပေးနေတယ်လို့ ရေးသားခဲ့ပါတယ်။
ဘင်္ဂါလီတွေ ဟာ အစ္စာလမ်နိုင်ငံတည်ထောင်ဖို့ ရခိုင်ပြည်နယ်ကိုတောင်းဆိုမှုတွေရှိနေတယ်လို့ လည်းရေးသားခဲ့ပါတယ်။

adv_banner