?bph6

Place your ads here!


ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်နဲ့ လူငယ်၂၆၄ သန်းခန့်ဟာ ကျောင်းပညာရေး အကျိုးခံ စားခွင့် မရရှိကြဘူးလို့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အတွက် ပေးပို့တဲ့ ယူနက်စကိုညွှန်ကြားရေးမှူးချုပ် Ms.Irina Bokovaရဲ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။



(USA)
…………………………………………….. ။ ။ ………………………………………………..

ကလေးသူငယ် ၂၆၄ သန်းခန့် ကျောင်းပညာအကျိုး ခံစားခွင့် မရ
ကမ္ဘာတစ်ဝန်းရှိ ကလေးသူငယ်နဲ့ လူငယ်၂၆၄ သန်းခန်ဟာ ကျောင်းပညာရေး အကျိုးခံ စားခွင့် မရရှိကြဘူးလို့ ၂၀၁၇ ခုနှစ် နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အတွက် ပေးပို့တဲ့ ယူနက်စကိုညွှန်ကြားရေးမှူးချုပ် Ms.Irina Bokovaရဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

အရွယ်ရောက်ပြီးသူ သန်း ၇၅၀ လောက်ဟာလည်း အခြေခံ အရေးအဖတ် စွမ်းရည်များ ချို့တဲ့ လျက်ရှိကြတယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြလိုက်ပြီး လူငယ်တွေမှာ အခြေခံဒစ်ဂျစ် တယ်နည်း ပညာဆိုင်ရာ စွမ်းရည်များ မပြည့်စုံကြသေးဘူးလို့လည်း ဆိုလိုက်ပါတယ်။

လူတိုင်းဟာ လူ့အခွင့်အရေး၊ ပြောရေးဆိုခွင့်၊ နှီးနှောဖ လှယ်ခွင့်၊ ပိုမိုပြီးစဉ်ဆက်မပြတ် တိုးတက်ရေးတို့အတွက် ဒစ်ဂျစ်တယ်ခေတ်သစ်ရဲ့ အကျိုးကျေးဇူးများကို ခံစားနိုင်တဲ့ စွမ်းရည်များ ပိုင်ဆိုင်သင့်တယ်လို့လည်း ယူနက်စကိုညွှန်ကြားရေးမှူးချုပ် က မှတ်ချက်ပေး ပြောခဲ့ပါတယ်။

ဒစ်ဂျစ်တယ် နည်းပညာများကို ကြားခံ အသုံးပြုရတဲ့ ပညာခေတ် လူ့အဖွဲ့အစည်းမှာ စာတတ်ခြင်း ဆိုတဲ့ ဆိုလိုရင်းဟာ ပြောင်းလဲလာ ပြီဖြစ်ပြီး ဆန်းသစ်တဲ့ အဆင့်မြင့်ပညာ တတ်မြောက်ရေးအဆင့်အထိ ပါဝင်လာပြီဖြစ်ပါတယ်။(USA)

adv_banner