?bph6
Place your ads here!
မြန်မာနိုင်ငံမှာ မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဟု  အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က စွပ်စွဲ
အဲ့ဒီလို ပြောပြရာမှာတော့ အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က  ရိုဟင်ဂျာမွတ်စလင် (မူရင်းပြောသူအသုံးအတိုင်း) အပေါ်မှာ        စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ၊ နေရပ်စွန့်ခွာသွားဖို့ တွန်းအားပေးမှုတွေကို နေ့စဉ်မြင်တွေ့ နေရပြီး ဒါဟာ လူသားတွေရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်ပြုနေတယ်လို့ ဖော်ပြထားတာပါ။
မြန်မာပြည်ထဲမှာရှိတဲ့ မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေနဲ့ နှင်ထုတ်နေတာတွေကို သူ့အနေနဲ့ ပြင်းပြင်း     ထန်ထန် ရှုံ့ချပါကြောင်းနဲ့ လက်ရှိဖြစ်ရပ်တွေအတွက် မြန်မာအစိုးရအနေနဲ့ တာဝန်ခံဖို့ ငြင်းဆန်နေတဲ့ လုပ်ရပ်တွေအပေါ်  ပြင်းထန်စွာရှုံ့ချကြောင်းအပါအ၀င် လူနည်းစု မွတ်စလင်တွေအပေါ် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးအပ်ဖို့ လိုတယ်ဆိုပြီး လာရာဂျာနီက ပြောပါတယ်။
သူ့အနေနဲ့ Majlis အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးရာမူဝါဒ ကော်မတီအောက်မှာ ကော်မတီ တစ်ခုဖွဲ့စည်းပြီး လိုအပ်တဲ့ ဥပဒေဆိုင်ရာ လေ့လာဆန်းစစ်မှုတွေကို လုပ်ကိုင်ပြီး ဒီရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့် သွားအောင် ဆောင်ရွက်မှာဖြစ်ပြီး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ လုပ်ဆောင်မယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။
>>>>>>>>>>>>>>>>>>>>>>>>>>>>>>
မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဟု  အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က စွပ်စွဲ မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ဟု  အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က စွပ်စွဲ
မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိနေတယ်လို့ အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က စွပ်စွဲပြောကြားလိုက်ပါတယ်။ Islamic Republic News Agency က Ali Larijani ရဲ့ စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်ကို ကိုးကားပြီး သတင်းရေးသား ဖော်ပြ လာတာပါ။ အဲ့ဒီလို ပြောပြရာမှာတော့ အီရန် လွတ်တော်ဥက္ကဌ  Ali Larijani က  ရိုဟင်ဂျာမွတ်ဆလင် (မူရင်းပြောသူအသုံးအတိုင်း) အပေါ်မှာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ရပ်တွေနဲ့ ဖိနှိပ်မှုတွေ၊ နေရပ်စွန့်ခွာသွားဖို့ တွန်းအားပေးမှုတွေကို နေ့စဉ်မြင်တွေ့ နေရပြီး ဒါဟာ လူသားတွေရဲ့ လွတ်လပ်ခွင့်ကို အနှောင့်အယှက်ပြုနေတယ်လို့ ဖော်ပြထားတာပါ။
ဒါအပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သက်သေထူဖို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မြန်မာပြည်ဆီ စေလွတ်ဖို့ အီရန် လွတ်တော်ဥက္ကဌက တိုက်တွန်းထားတာပါ။
မြန်မာပြည်ထဲမှာရှိတဲ့ မွတ်ဆလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေနဲ့ နှင်ထုတ်နေတာတွေကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုံ့ချပါကြောင်းနဲ့ လက်ရှိဖြစ်ရပ်တွေအတွက် မြန်မာအစိုးရအနေနဲ့ တာဝန်ခံဖို့ ငြင်းဆန်နေတဲ့ လုပ်ရပ်တွေအပေါ်  ပြင်းထန်စွာရှုံ့ချကြောင်းအပါအဝင် လူနည်းစု မွတ်စလင်တွေအပေါ် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေ ပေးအပ်ဖို့ လိုတယ်ဆိုပြီး လာရာဂျာနီက ပြောပါတယ်။
ဒါ့အပြင် မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူမျိးတုံးသတ်ဖြတ်မှုတွေလို စိတ်ပျက်ဖွယ်ရာ ဖြစ်ရပ်တွေကို အစိုးရနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေက လက်ပိုက်ကြည့်နေပြီး နှုတ်ဆိတ်နေတာတွေဟာ ဆိုးရွားလှတဲ့ ကပ်ဘေးဆိုးတစ်ခုထက်ပိုတယ်လို့လည်း ရေးသားထားပါတယ် ။
သူ့အနေနဲ့ Majlis အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးရာမူဝါဒ ကော်မတီအောက်မှာ ကော်မတီ တစ်ခုဖွဲ့စည်းပြီး လိုအပပ်တဲ့ ဥပဒေဆိုင်ရာ လေ့လာဆန်းစစ်မှုတွေကို လုပ်ကိုင်ပြီး ဒီရာဇဝတ်မှုတွေ အမြန်ဆုံး ရပ်တန့် သွားအောင် ဆောင်ရွက်မှာဖြစ်ပြီး လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားနိုင်ဖို့ လုပ်ဆောင်မယ့်အကြောင်းလည်း ဖော်ပြထားပါတယ်။
adv_banner