?bph6

Place your ads here!

ရခိုင္ျပည္နယ္ မြတ္စလင္ အေရးဟာ အိႏၵိယ ကက္ရွ္မီးယား အေရးလိုပဲလို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

ရခိုင္ျပည္နယ္က မြတ္စလင္ ျပႆနာဟာ အိႏၵိယႏုိင္ငံ ရင္ဆုိင္ေနရတဲ့ ကက္ရွ္မီးယားျပႆနာနဲ႔ အလားတူတယ္လို႔ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က “ကက္ရွ္မီးယားမွာ အိႏၵိယ ရင္ဆုိင္ေနရသလိုမ်ိဳး ျမန္မာႏိုင္ငံဟာလည္း အလားတူ ရင္ဆုိင္ေနရပါတယ္။ အစိုးရအေနနဲ႔ အျပစ္မဲ့ ႏုိင္ငံသားေတြကို ဂရုစုိက္ေစာင့္ေရွာက္သြားမွာ ျဖစ္တယ္၊ ႏိုင္ငံသားတုိင္း ဥပေဒရဲ႕ အကာကြယ္ရဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး အေကာင္းဆံုး ႀကိဳးပမ္းသြားမယ္” လို႔ ေျပာပါတယ္။

ဒါ့အျပင္ အျပစ္မဲ့ျပည္သူနဲ႔ အၾကမ္းဖက္သမားၾကား မတူညီမႈေတြကို စဥ္းစားေနတယ္လို႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္က ေျပာပါတယ္။ အိႏၵိယႏိုင္ငံမွာဆုိရင္ ကက္ရွ္မီးယားေဒသဟာ ႀကီးမားတဲ့ မြတ္စလင္အဖြဲ႔အစည္းေတြ ရွိေနၿပီး အဲဒီ ကက္ရွ္မီးယားေဒသမွာ အၾကမ္းဖက္မႈ ျပႆနာေတြ ရွိေနတဲ့အျပင္ အိႏၵိယအစိုးရဟာ အၾကမ္းဖက္မႈေတြမွာ ပါဝင္မႈမရွိတဲ့ အျပစ္မဲ့ျပည္သူေတြကို အၾကမ္းဖက္ တိုက္ခုိက္ခံရမႈကေန ေျဖရွင္းေပးေနရတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
…………………………………………………။ ။ ……………………………………………..

ရခိုင်ပြည်နယ် မွတ်စလင် အရေးဟာ အိန္ဒိယ ကက်ရှ်မီးယား အရေးလိုပဲလို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်ပြည်နယ်က မွတ်စလင် ပြဿနာဟာ အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရတဲ့ ကက်ရှ်မီးယားပြဿနာနဲ့ အလားတူတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က “ကက်ရှ်မီးယားမှာ အိန္ဒိယ ရင်ဆိုင်နေရသလိုမျိုး မြန်မာနိုင်ငံဟာလည်း အလားတူ ရင်ဆိုင်နေရပါတယ်။ အစိုးရအနေနဲ့ အပြစ်မဲ့ နိုင်ငံသားတွေကို ဂရုစိုက်စောင့်ရှောက်သွားမှာ ဖြစ်တယ်၊ နိုင်ငံသားတိုင်း ဥပဒေရဲ့ အကာကွယ်ရဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အကောင်းဆုံး ကြိုးပမ်းသွားမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အပြစ်မဲ့ပြည်သူနဲ့ အကြမ်းဖက်သမားကြား မတူညီမှုတွေကို စဉ်းစားနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာဆိုရင် ကက်ရှ်မီးယားဒေသဟာ ကြီးမားတဲ့ မွတ်စလင်အဖွဲ့အစည်းတွေ ရှိနေပြီး အဲဒီ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်မှု ပြဿနာတွေ ရှိနေတဲ့အပြင် အိန္ဒိယအစိုးရဟာ အကြမ်းဖက်မှုတွေမှာ ပါဝင်မှုမရှိတဲ့ အပြစ်မဲ့ပြည်သူတွေကို အကြမ်းဖက် တိုက်ခိုက်ခံရမှုကနေ ဖြေရှင်းပေးနေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

adv_banner