


(USA)

……………………………………………………………………..။ ။ ………………………………………………………………………

ကရင်ဒုက္ခသည်စခန်း ၂ခုမှာ H1N1နဲ့ ၃ဦး သေဆုံး
ထိုင်း-မြန်မာနယ်စပ်က ကရင်ဒုက္ခသည်စခန်း ၂ခုမှာ ရာသီ တုပ်ကွေး ရောဂါ Seasonal Influenza A (H1N1) ပိုးတွေ့ရှိသူ ၂၅၀ ကျာ်ရှိပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ ကရင်ဒုက္ခသည်ကော်မတီ (KRC)ကို ကိုးကားပြီး ကေအိုင်စီသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်၊ စူမွဲ(မဲ့စရင်း)မြို့နယ်ရှိ မယ်ရာမိုနဲ့ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လစခန်းတို့မှာ ရောဂါဖြစ်ပွားနေတာဖြစ်ပြီး မယ်ရာမိုစခန်းက ကလေး ၂ ဦး၊ မယ်လစခန်းက အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၂ရက်ကနေ စက်တင်ဘာ ၆ ရက်အတောအတွင်း ရောဂါပိုးရှိသူတွေ တွေ့ရှိတာဖြစ်ပြီး အဲဒီစခန်း ၂ ခုကို လတ်တလောမှာ ယာယီ သွားလာမှုပိတ်ထားပါတယ်။(USA)

adv_banner