?bph6

Place your ads here!

အိႏိၵယက ရခိုင္အေရး ျမန္မာဘက္ ရပ္တည္ေပးလို႔ ေက်းဇူးတင္ဟု ေဒၚေအာင္ဆန္းစုၾကည္ ေျပာ

အိႏိၵယအစိုးရအေနနဲ႔ ရခိုင္အေရးမွာ ျမန္မာဘက္က အခိုင္အမာရပ္တည္ေပးလို႔ အထူးေက်းဇူးတင္တယ္လို႔ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

စက္တင္ဘာ ၆ ရက္က ေနျပည္ေတာ္မွာလုပ္ခဲ့တဲ့ အိႏိၵယ၀န္ႀကီးခ်ဳပ္ ေနရိန္ဒရာ မိုဒီ နဲ႔ ပူးတြဲသတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာျဖစ္ျပီး ဝန္ႀကီးခ်ဳပ္ မိုဒီကလည္း ရခိုင္မွာ အၾကမ္းဖမ္းတိုက္ခိုက္ခံခဲ့ရတဲ့ လံုျခံဳေရးတပ္ဖြဲ႔၀င္ေတြနဲ႔ ထပ္တူထပ္မွ် ခံစားရတယ္လို႔ ေျပာခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲမတိုင္မီ ျပဳလုပ္ခဲ့တဲ့ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ား ေဆြးေႏြးပြဲမွာလည္း ဝန္ႀကီးခ်ဳပ္မိုဒီက အိႏၵိယႏိုင္ငံဟာ ျမန္မာႏိုင္ငံသားမ်ား အတြက္ အခမဲ့ဗီဇာေပးအပ္မႈ အစီအစဥ္ စတင္ေတာ့မယ္။ အိႏၵိယအက်ဥ္းေထာင္မ်ားမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသား ၄၀ ဦးကို လႊတ္ေပးမယ္။ ႏွစ္ႏိုင္ငံအၾကား ဒီေန႔မွာ က်န္းမာေရး၊ ယဥ္ေက်းမႈနဲ႔ ရဲတပ္ဖြဲ႕ကို ေလ့က်င့္ေပးေရး အပါအ၀င္ က႑အမ်ားအျပားမွာ နားလည္မႈစာခၽြန္လႊာမ်ား လက္မွတ္ေရးထိုးႏိုင္ခဲ့တယ္လို႔ ေျပာခဲ့ပါတယ္။
(USA)

………………………………………………………….။ ။ ………………………………………………………….

 

အိန္ဒိယက ရခိုင်အရေး မြန်မာဘက်ရပ်တည်ပေးလို့ ကျေးဇူးတင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
အိန္ဒိယအစိုးရအနေနဲ့ ရခိုင်အရေးမှာ မြန်မာဘက်က အခိုင်အမာရပ်တည်ပေးလို့ အထူးကျေးဇူးတင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
စက်တင်ဘာ ၆ ရက်က နေပြည်တော်မှာလုပ်ခဲ့တဲ့ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီ နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီကလည်း ရခိုင်မှာ အကြမ်းဖမ်းတိုက်ခိုက်ခံခဲ့ရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထပ်တူထပ်မျှ ခံစားရတယ်လို့ ပြောခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးပွဲမှာလည်း ဝန်ကြီးချုပ်မိုဒီက အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံသားများအတွက် အခမဲ့ဗီဇာပေးအပ်မှု အစီအစဉ် စတင်တော့မယ်။ အိန္ဒိယအကျဉ်းထောင်များမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို လွှတ်ပေးမယ်။ နှစ်နိုင်ငံအကြား ဒီနေ့မှာ ကျန်းမာရေး၊ ယဉ်ကျေးမှုနဲ့ ရဲတပ်ဖွဲ့ကို လေ့ကျင့်ပေးရေး အပါအဝင် ကဏ္ဍအများအပြားမှာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။(USA)

adv_banner