?bph6

Place your ads here!



သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်ခုခံကာကွယ်ရေးအဖွဲ့(FPI). အဖွဲ့အပါဝင် အစ္စလာမ်ဆန္ဒပြသူတွေ ဟာ သံရုံးးရှေ့မှာဆန္ဒပြခဲ့တာဖြစ်ပါတယ်။


…………………………………………………………။  ။ …………………………………………………………..

အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို မီးရှို့မယ်လို့ ခြိမ်းခြောက်မှုတွေဖြစ်ပေါ်

ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှား က အစ္စလာမ်မစ်အုပ်စုတွေဟာ ဂျာကာတာရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတာတွေပြုလုပ်ခဲ့ပြီး မြန်မာအစိုးရနဲ့ သံတမန် အဆက်သွယ်ဖြတ်တောက်ဖို့ အပြင် မြန်မာသံရုံးဝန်ထမ်းတွေကို နှင်ထုတ်ဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုခဲ့တယ်လို့ အင်ဒိုနီးရှား သတင်းတစ်ရပ်မှာဖော်ပြထားပါတယ်။
သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်ခုခံကာကွယ်ရေးအဖွဲ့(FPI). အဖွဲ့အပါဝင် အစ္စလာမ်ဆန္ဒပြသူတွေ ဟာ သံရုံးရှေ့မှာဆန္ဒပြခဲ့တာဖြစ်ပါတယ်။
ဆန္ဒပြသူခေါင်းဆောင်ဖြစ်တဲ့ ကာပစ်ထရာ အမ်ပီရာ ဟာ မြန်မာ သံရုံးအတွင်းဝင်ရောက်ဖို့ ကြိုးစားတာတွေရှိခဲ့ပြီး သံရုံးအပြင်ဘက်မှာ အင်ဒိုနီးရှား အကြမ်းဖက် ဖြိုခွင်းရေးရဲတပ်ဖွဲ့ က သံရုံးကို ကာကွယ်ပေးခဲ့တဲ့အပြင် မျက်ရည်ယိုဗုံးတွေ သုံးစွဲဖို့ အဆင်သင့်အနေထားမှာရှိခဲ့တယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အင်ဒိုနီးရှားရှိ မြန်မာသံရုံး ပိတ်ပစ်ဖို့ ပြောဆိုခဲ့တဲ့အပြင် သုံးရက်အတွင်း အင်ဒိုနီးရှားနိုင်ငံအတွင်းက မထွက်ခွာဘူးဆိုရင် သံရုံးကို မီးရှို့ပစ်မယ်လို့ ခြိမ်းခြောက်မှုတွေရှိခဲ့ပါတယ်။

adv_banner