?bph6

Place your ads here!

ပုပ္ရဟန္းမင္းႀကီး အေနနဲ႔ ‘႐ိုဟင္ဂ်ာ’ လို႔ မသံုးဖို႔ ျမန္မာ ခရစ္ယာန္ ဘုန္းႀကီးေတြ အႀကံျပဳ

‘႐ိုဟင္ဂ်ာ’ ဆိုတဲ့ အသံုးအႏႈန္းဟာ ျမန္မာႏိုင္ငံမွာ အလြန္အကဲဆတ္ၿပီး အျငင္းပြားဖြယ္ ျဖစ္ႏိုင္တာမို႔ ျမန္မာႏိုင္ငံကို လာေရာက္မယ့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္အေနနဲ႔ အဲဒီစကားလံုးကို မသံုးဖို႔ ျမန္မာ ခရစ္ယာန္ ဘုန္းႀကီးေတြက ေတာင္းဆိုလိုေၾကာင္း အာဂ်င္ဇီယာ ဖီးဒတ္စ္ သာသနာျပဳအဖြဲ႔ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီလို အကဲဆတ္တဲ့အတြက္ ျမန္မာအစိုးရနဲ႔ တပ္မေတာ္က ‘႐ိုဟင္ဂ်ာ’ အစား ‘ဘဂၤါလီ’ လို႔ သံုးႏႈန္းေၾကာင္း၊ ပုပ္ရဟန္းမင္းႀကီးရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ လူနည္းစုအေပၚ အေလးထားေရး သတင္းစကားပါးရာမွာ ‘႐ိုဟင္ဂ်ာ’ လို႔ မသံုးႏႈန္းဖို႔ ျမန္မာ ခရစ္ယာန္ ဘုန္းႀကီးမ်ားက ေတာင္းဆိုလိုေၾကာင္း အာဂ်င္ဇီယာ ဖီးဒတ္စ္ ဘုန္းေတာ္ႀကီး ေရမြန္ ေစာပိုေရးက ေျပာပါတယ္။

ဘုန္းေတာ္ႀကီး ေရမြန္ ေစာပိုေရးဟာ ျမန္မာႏို္င္ငံ၊ ေမာ္လၿမိဳင္ ကက္သလစ္ ဦးေဆာင္ဆရာေတာ္ျဖစ္ၿပီး ျမန္မာႏိုင္ငံ ခရစ္ယာန္ ဘုန္းေတာ္ႀကီးမ်ား ညီလာခံရဲ႕ တရားမွ်တေရးနဲ႔ ၿငိမ္းခ်မ္းေရး ေကာ္မရွင္ ဥကၠ႒လည္း ျဖစ္ပါတယ္။

ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ဟာ ႏိုဝင္ဘာ ၂၇ ကေန ၃၀ အထိ ျမန္မာႏိုင္ငံကို လာေရာက္မွာ ျဖစ္ပါတယ္။

 

………………………………………………………….။  ။ …………………………………………………………….

 

ပုပ်ရဟန်းမင်းကြီး အနေနဲ့ ‘ရိုဟင်ဂျာ’ လို့ မသုံးဖို့ မြန်မာ ခရစ်ယာန် ဘုန်းကြီးတွေ အကြံပြု

‘ရိုဟင်ဂျာ’ ဆိုတဲ့ အသုံးအနှုန်းဟာ မြန်မာနိုင်ငံမှာ အလွန်အကဲဆတ်ပြီး အငြင်းပွားဖွယ် ဖြစ်နိုင်တာမို့ မြန်မာနိုင်ငံကို လာရောက်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ အဲဒီစကားလုံးကို မသုံးဖို့ မြန်မာ ခရစ်ယာန် ဘုန်းကြီးတွေက တောင်းဆိုလိုကြောင်း အာဂျင်ဇီယာ ဖီးဒတ်စ် သာသနာပြုအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီလို အကဲဆတ်တဲ့အတွက် မြန်မာအစိုးရနဲ့ တပ်မတော်က ‘ရိုဟင်ဂျာ’ အစား ‘ဘင်္ဂါလီ’ လို့ သုံးနှုန်းကြောင်း၊ ပုပ်ရဟန်းမင်းကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ လူနည်းစုအပေါ် အလေးထားရေး သတင်းစကားပါးရာမှာ ‘ရိုဟင်ဂျာ’ လို့ မသုံးနှုန်းဖို့ မြန်မာ ခရစ်ယာန် ဘုန်းကြီးများက တောင်းဆိုလိုကြောင်း အာဂျင်ဇီယာ ဖီးဒတ်စ် ဘုန်းတော်ကြီး ရေမွန် စောပိုရေးက ပြောပါတယ်။

ဘုန်းတော်ကြီး ရေမွန် စောပိုရေးဟာ မြန်မာနိ်ုင်ငံ၊ မော်လမြိုင် ကက်သလစ် ဦးဆောင်ဆရာတော်ဖြစ်ပြီး မြန်မာနိုင်ငံ ခရစ်ယာန် ဘုန်းတော်ကြီးများ ညီလာခံရဲ့ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ကနေ ၃၀ အထိ မြန်မာနိုင်ငံကို လာရောက်မှာ ဖြစ်ပါတယ်။

adv_banner