?bph6

Place your ads here!

RCSS/SSA ဆက်ဆံရေးရုံး နေရာတိုးချဲ့ဖွင့်လှစ်ဖို့ အစိုးရကို တောင်းဆိုပြီ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) နဲ့ အစိုးရတပ်မတော်အကြား သဘောထားကွဲလွဲမှုနဲ့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ညှိနှိုင်းဖြေရှင်းရန် RCSS/SSA ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဆက်ဆံရေးရုံး နေရာတိုးချဲ့ဖွင့်လှစ်ဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က မနေ့က အောက်တိုဘာလ ၈ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တဲ့ လက်ရှိနိုင်ငံတော်ငြိမ်းချမ်းဖော်ဆောင်ရေးဆိုင်ရာ သဘောထားရပ်တည်ချက် ထုတ်ပြန်ကြေညာချက်မှာ အဲဒီလို တောင်းဆိုလိုက်တာပါ။

ဒါ့ပြင် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နိုင်ငံရေးဆွေးနွေးနေစဉ်အတွင်း ရှမ်းပြည်နယ်က မြို့နယ်တွေအတွင်းမှာရှိတဲ့ (RCSS/SSA) တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာတွေမလုပ်ဖို့နဲ့ ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေကို ဆက်ဆံရေးရုံးတွေကတစ်ဆင့် ဖြေရှင်းကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။

RCSS 1

တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့အတွက် နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး ရှေးရှု့ကာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။

တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်း ၈ ခုက လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်ရှိ MICC 2 အဆောက်အအုံမှာ လက်မှတ်ရေးထိုးသွားမယ်လို့ သဘောတူညီမှုရှိထားပါတယ်။

adv_banner