?bph6

Place your ads here!

အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့ သဘောတူညီမှု ၁၁ ခုကို လက်မှတ်ရေးထိုး





………………….. ……………………………………။ ။ ………………………………………………………………..

အိန္ဒိယ နဲ့ မြန်မာနိုင်ငံတို့ ဟာရေကြောင်း လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုအပါဝင် အချက် ၁၁ ချက်ကို သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ နဲ့ မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြီးနောက် သဘောတူညီမှု ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
၂ နိုင်ငံစလုံးဟာ ပင်လယ်ရေကြောင်း အချက်အလက် မျှဝေရေး၊ ရွေးကောက်ပွဲကော်မရှင်နှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ယဉ်ကျေးမှု အပြန်လှန်ဖလှယ်ရေးအစီစဉ် တွေကိုပူးပေါင်းဆောင်ရွက်ဖို့ နားလည်မှု စာချွန်လက်မှတ် ရေးထိုးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယ စာနယ်ဇင်းကောင်စီ နဲ့ မြန်မာစာနယ်ဇင်းကောင်စီကြား ပူးပေါင်းဆောင်ရွက်မှုအပြင် ကျန်းမာရေးနဲ့ဆေးဝါးဆိုင်ရာ ထုတ်လုပ်မှုတွေပူးပေါင်းလုပ်ကိုင်နိုင်ဖို့ နားလည်မှု စာချွန်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရမည်းသင်းမြို့ရှိ ရမည်းသင်းအမျိုးသမီး ရဲသင်တန်းကျောင်း အဆင်မြှင့်တင်နိုင်ရေးကိုလည်း အိန္ဒိယ နဲ့ မြန်မာနိုင်ငံကြားနားလည်မှု စာချွန်လက်မှတ်ရေးထိုးခဲ့ပါတယ်။

adv_banner