?bph6

Place your ads here!

မြန်မာနိုင်ငံသား ၄၀ ဦးကို ပြန်လွှတ်ပေးမယ်လို့ အိန္ဒိယဝန်ကြီးချုပ်ပြော

အိန္ဒိယ နိုင်ငံအနေနဲ့ အိန္ဒိယထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို မကြာမီမှာ ပြန်လွှတ်ပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီက ပြောပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရိန်ဒရာမိုဒီဟာ စက်တင်ဘာ ၆ ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံချိန်မှာအခုလို ပြောခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ ဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်စေဖို့အတွက် ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကို လာလိုတဲ့ မြန်မာနိုင်ငံသားတွေ အတွက် Transit Visa တွေလည်း တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးသွားမယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

adv_banner