?bph6

Place your ads here!

ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အလျင်စလို အပြစ်မတင်နဲ့လို့ ဗြိတိသျှ သံအမတ်ဟောင်း ဆာ ဂျင်ကင်စ် ပြော

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု၊ လူတွေရွှေ့ပြောင်းစွန့်ခွာရမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုပဲ အလျင်စလို အပြစ်ဖို့ မနေကြဖို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ဟောင်း ဆာ ဂျွန် ဂျင်ကင်စ်က ပြောဆိုလိုက်ပါတယ်။

ဆာ ဂျွန် ဂျင်ကင်စ်ဟာ ၁၉၉၉ ကနေ ၂၀၀၂ ခုနှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး ဖြစ်ခဲ့ပြီး လက်ရှိမှာလည်း နိုင်ငံတကာ မဟာဗျူဟာ လေ့လာရေး အင်စတီကျု (IISS) ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ ဒါရိုက်တာ၊ ယေးလ်တက္ကသိုလ်ရဲ့ ကမ္ဘာ့ရေးရာ ဂျက်ဆင် အင်စတီကျုမှာ အကြီးတန်း အဖွဲ့ဝင် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်အရေးမှာ ဒေါ်အောင်ဆန်းစုကြည်က အလျင်အမြန်နဲ့ ထိရောက်အောင် ရပ်တန့်ဖို့ မလုပ်နိုင်ဘူးလို့ ဝေဖန်ကြတိုင်း ကျွန်တော် ညည်းညူမိတယ်၊ ဖရိုဖရဲဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ အနာတရဖြစ်နေတဲ့ လူ့အဖွဲ့အစည်းကို ကုစားဖို့ဆိုတာ မျိုးဆက်နဲ့ချီပြီး လုပ်ရမယ့် အလုပ်ဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့ကို မနည်းတိုးနေရတဲ့ အစိုးရသစ်ကိုပဲ လူတွေက အာရုံစိုက်ပြီး ပြောနေကြတယ်လို့ ဆာ ဂျွန် ဂျင်ကင်စ်က ဆောင်းပါးတစ်ပုဒ်မှာ ရေးသားလိုက်ပါတယ်။

သူ့ရဲ့ ဆောင်းပါးထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကန့်သတ်ချက်၊ ၁၉၅၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ အဆက်ဆက်လက်ထက် ဖိနှိပ်ခဲ့မှုတွေကြောင့် ဆယ်စုနှစ်နဲ့ချီ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းများကို ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်အရေးကို ဂရုမစိုက်ဘူးဆိုတာ မဟုတ်မှန်ကြောင်း၊ ၂၀၁၆ မှာ ငြိမ်ချမ်းရေးနဲ့ ဖွံ့ဖြိုးရေး ကော်မတီကို သူကိုယ်တိုင် ဦးဆောင်ခဲ့ကြောင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး အကြံပေးစေခဲ့ကြောင်း ရေးသားထားပါတယ်။

အကြမ်းဖက်မှုတွေကို အစွန်းရောက်အကြမ်းဖက် အတွေ့အကြုံရှိသူတွေ ဦးဆောင်တဲ့ ဟာရာကတ် အယ်လ် ယာကင် အဖွဲ့က လုပ်တာ ဖြစ်တယ်၊ နိုင်ငံတကာ အသိုက်အဝိုင်းက ဝေဖန်နေရုံနဲ့ မပြီးဘဲ မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ ကူညီပေးဖို့ တာဝန်ရှိတယ်၊ မြန်မာနိုင်ငံဟာ ၁၉၇၄ ခုနှစ် လွတ်လပ်ရေး ရပြီးကတည်းက ရှိတဲ့ အခက်အခဲတစ်ခုကတော့ ယုံကြည်ရတဲ့ မဟာမိတ် မရှိတာဘဲ ဖြစ်တယ်၊ အာဆီယံ နိုင်ငံတွေကလည်း ကူညီရမယ်လို့ ဆာ ဂျွန် ဂျင်ကင်စ်က ဝေဖန် ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်ုပ်တို့ရဲ့ အကူအညီကို ရထိုက်သူ ဖြစ်တယ်၊ သူသာ ဒီကိစ္စတွေကို လက်လွှတ်လိုကရင် ရွေးစရာမရှိဘူး၊ နောက်ကြောင်းပြန်ပြီး ရခိုင်ပြည်နယ်ရှိ မွတ်စလင်တွေ အပါအဝင် အားလုံး ဒုက္ခတွေ့လိမ့်မယ်လို့ သုံးသပ်ရေးသားထားပါတယ်။

adv_banner