?bph6

Place your ads here!

ဖောင်းပြင်မှာ မိုးကြိုးပစ်ခံရလို့ ကျွဲ ၈ ကောင် သေဆုံး

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်ညပိုင်းက မိုးကြိုးပစ်ခံရလို့ ကျွဲ ၈ ကောင် တပြိုင်နက်သေဆုံးခဲ့တယ်လို့ မြို့နယ်ပြန်ဆက်က သတင်းထုတ်ပြန်ထားပါတယ်။

ဖောင်းပြင်မြို့နယ် ရွှေထီးကုန်းအုပ်စု ကောင်းမောင်းကျေးရွာရှိ ကျွဲ ၈ ကောင် ရေစိမ်နေတုန်း မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မှာ စက်တင်ဘာ ၂ရက်ညပိုင်းက မိုးရေချိန် ၁၅ လက်မအထိ စံချိန်တင်ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်ခဲ့တယ်လို့ မိုးလေ၀သဌာနက သတင်းထုတ်ပြန်ထားပါတယ်။
(USA)

adv_banner