?bph6

Place your ads here!

ရဲကင်းကိုတိုက်ဖို့ ရေးဆွဲထားတဲ့ မြေပုံ တွေ့ရှိ

အကြမ်းဖက်အုပ်စု ARSA က တောင်ပြိုလက်ဝဲကျေးရွာ ရဲကင်းစခန်းကို အကြမ်းဖက်တိုက်ခိုက်ဖို့ ရေးဆွဲထားတဲ့ မြေပုံတွေ တွေ့ရှိသိမ်းဆည်းရမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁ ရက် မွန်းလွဲပိုင်းက မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာသို့ တပ်က ၀င်ရောက်ရှင်းလင်းခဲ့ရာမှာ အဲ့ဒီရွာ အမှတ်(၁)ရပ်ကွက်ရှိ မော်လ၀ီအရှားဒူလာ ဆိုသူ နေအိမ်ကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

တောင်ပြိုရဲကင်းစခန်းကို တိုက်ခိုက်ဖို့ မြန်မာနဲ့ ဘင်္ဂါလီ ဘာသာ ၂ မျိုးနဲ့ ရေးဆွဲထားတဲ့ မြေပုံစာရွက်တွေ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
(USA)

adv_banner