?bph6

Place your ads here!

အင်ဒို နိုင်ငံခြားရေးဝန်ကြီး ရခိုင်အရေး ဆွေးနွေးဖို့ လာ

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး Retno Marsudi ဟာ စက်တင်ဘာ ၃ ရက်ညပိုင်းက မြန်မာနိုင်ငံကိုရောက်ရှိလာပြီး ရခိုင်အကြမ်းဖက် တိုက်ခိုက်မှုကိစ္စ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။

သူ့ရဲ့ မြန်မာပြည်တရက်ခရီးအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ အင်ဒိုနိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီး Marsudiရဲ့ ခရီးမှာ ရခိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို စာနာထောက်ထား ကျော်လွှားနိုင်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ မျှော်လင့်ချက်တွေကို ဆောင်ကျဉ်းလာတယ်လို့လည်း နိုင်ငံခြားရေးသတင်းမှာ ဖော်ပြပါတယ်။(USA)

adv_banner