?bph6

Place your ads here!

အင်ဒိုရှိ မြန်မာသံရုံး တိုက်ခိုက်ခံရ

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာရှိ မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံရတယ်လို့ အင်ဒိုရဲကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ကဖြစ်ပြီး ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို ရဲက စုံစမ်းစစ်ဆေးနေပြီး တိုက်ခိုက်မှုနဲ့ပတ်သက်လို့ အသေးစိတ် မသိရဘူးလို့လည်း သတင်းမှာ ဖော်ပြပါတယ်။

ဒီအတောအတွင်း ဂျကာတာရှိ မြန်မာသံရုံးရှေ့မှာ စနေနေ့က မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုချီးမြှင့်ထားတဲ့ နိုဘယ်လ်ဆု ပြန်ရုပ်သိမ်းပေးဖို့ တောင်ဆိုဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် တနင်္ဂနွေနေ့ကပဲ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ကြီး Amnesty International ရဲ့ အင်ဒိုနီးရှား ဆိုင်ရာ အဖွဲ့က မြန်မာပြည်က မွတ်စလင်တွေကို အစိုးရက ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါသေးတယ်။
(USA)

adv_banner