?bph6

Place your ads here!

ရခိုင်ပြည်နယ်က ဌာနေပြည်သူတွေကို ဝေဠုကျော်ဖောင်ဒေးရှင်းက အရေးပေါ်စားနပ် ရိက္ခာတွေ ထောက်ပံ့လှူဒါန်း

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်း ဖက်တိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းနေရတဲ့ ဌာနေပြည်သူတွေကို ဝေဠုကျော်ဖောင်ဒေးရှင်းက ငွေကျပ်သိန်း ၃ဝဝ ကျော်တန်ဖိုးရှိ အရေးပေါ်စားနပ် ရိက္ခာတွေ ထောက်ပံ့လှူဒါန်း ခဲ့ပါတယ်။

သြဂုတ် ၃ဝ ရက်က စတင်ပြီး ဌာနေပြည်သူတွေအတွက် ဆန်အိတ် ၁၃ဝဝ၊ အာလူး အိတ် ၅ဝ ၊ ဆီပိဿာ ၁ဝဝ၊ ကြက်သွန် အိတ် ၂ဝ တို့ကို မောင်တောမြို့နယ်အတွင်း လှူဒါန်းခဲ့တာပါ။

ဒါ့အပြင် လုံခြုံရေးအခြေအနေအရ သွားလာဖို့ ခက်ခဲတဲ့ နေရာများအတွက် ကျီးကန်းပြင်စခန်းက တဆင့် ထောက်ပံ့ကူညီမှုတွေ ရှိသလို သွားလာလို့ရတဲ့ နေရာတွေကိုလည်း ထောက်ပံ့ပေးမှုတွေ ဆက်လုပ်သွားမယ်လို့လည်း သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

adv_banner