?bph6

Place your ads here!

စံချိန်မညီတဲ့ ကုန်ပစ္စည်းပြန်လည်သိမ်းဆည်းမှု အကြိမ် ၈၀၀ ကျော် ဆောင်ရွက်ခဲ့

စံချိန်မညီတဲ့ ကုန်ပစ္စည်းပြန်လည်သိမ်းဆည်းမှုတွေကို နှစ်ဝက်အတွင်း အကြိမ် ၈၀၀ ကျော် ဆောင်ရွက်ခဲ့တယ်လို့ စားသုံးသူရေးရာ ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

စံချိန်မညီတဲ့ ပစ္စည်းတွေ ပြန်လည်သိမ်းယူတာကို စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တာလို့ အဲ့ဒီဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးအောင်က ပြောတာပါ။

လက်ရှိအချိန်အထိ အသိပညာပေးမှု အကြိမ်ရေ ၁၄၀၀၀ ကျော်၊ ကွင်းဆင်းစစ်ဆေးမှု အကြိမ် ၈၀၀၀ ကျော်၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု အကြိမ် ၆၇၀၊ အသိပညာပေး သင်တန်းတွေ ဖွင့်လှစ်မှု အကြိမ် ၁၂၀ ကျော်နဲ့ ပြခန်းတွေနဲ့ ပညာပေးပေးမှု ၁၇ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုတာပါ။

အဲ့ဒီလို ပညာပေးမှုတွေကို ပြည်သူ ၂ သန်းခွဲနီးပါး ရရှိခဲ့တယ်လို့လည်း  စားသုံးသူရေးရာ ဦးစီးဌာနရဲ့ အချက် အလက်တွေမှာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာတုန်းကတော့ စံမညီတဲ့ ကုန်ပစ္စည်း ပြန်လည် သိမ်းဆည်းတာတွေကို အကြိမ်ရေ ၁၇၀ ပဲ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

adv_banner