?bph6

Place your ads here!

ရခိုင်မှာ ဆူပူစေလိုသူတွေက ကောလာဟလ ထုတ်လွှင့်ပြီး သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေ

ရခိုင်ပြည်နယ်အတွင်း ဆူပူမှုဖြစ်စေလိုသူအချို့က ကောလာဟလတွေ ထုတ်လွှင့်ပြီး သွေးထိုး လှုံဆော်မှုတွေ ရှိနေတယ်လို့ အစိုးရအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလ  ၁ ရက်နေ့က ကျောက်တော်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ ကောလာဟလတွေ ထုတ်လွှင့်ပြီး သွေးထိုးလှုံဆော်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။

အဲ့ဒီလို လှုံဆော်မှုတွေကို တာဝန်ရှိသူတွေက ဦးဆောင်ပြီး ထိန်းသိမ်း ဆောင်ရွက် ဖြေရှင်းပေးနိုင်ခဲ့တယ်လို့လည်း အစိုးရသတင်းထုတ်ပြန်ချက်တွေက ဆိုပါတယ်။

ဒီလိုလုပ်ဆောင်မှုတွေကြောင့် အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွနေကြ သူတွေအခက်အခဲ ဖြစ်ပေါ်စေနိုင်တာကြောင့် ကောလာ ဟလထုတ်လွှင့်မှုတွေနဲ့ လုပ်ကြံသတင်းမှားတွေကို ဖြန့်ချိမှုတွေ မပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

adv_banner