?bph6

Place your ads here!

ရာသီတုပ်ကွေးရောဂါ A(H1N1) ကြောင့် သေဆုံးသူ (၃၆) ဦးအထိ ရှိလာ

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ကြောင့် သေဆုံးသူ (၃၆) ဦးအထိ ရှိလာပြီလို့ အစိုးရက တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

REUTERS

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကနေ စက်တင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက တရားဝင် သတင်းထုတ်ပြန်လိုက်တာပါ။

အဲ့ဒီ သတင်း ထုတ်ပြန်ချက်ထဲမှာတော့ ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ (၁၀၂၉) ဦးထဲက ပိုးတွေ့လူနာ စုစုပေါင်း (၃၆၉) ဦး ရှိခဲ့ပြီး (၃၆) ဦး အသက်ဆုံးရှုံးခဲ့ရတာပါ။

အသက်ဆုံးရှုံးခဲ့ရတဲ့ သူတွေကတော့ ဧရာဝတီတိုင်းဒေသကြီးမှာ (၁၂) ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှာ (၈) ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် (၆) ဦးနဲ့ အခြားတိုင်းဒေသကြီး ပြည်နယ်တွေမှာ (၁၀) ဦးဖြစ်တယ်လို့လည် သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

လက်ရှိအချိန်အထိလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်ဆေးရုံကြီးတွေမှာ အဲ့ဒီရောဂါနဲ့ (၂၅) ဦးကိုလည်း  အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုပြုနေရတာပါ။

နိုင်ငံအနှံရှိ ဆေးရုံကြီးတွေက ရရှိတဲ့ ဆေးဝါးကုသမှု စစ်တမ်းတွေအရ သြဂုတ် (၇) ရက် နောက်ပိုင်းမှစပြီး ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) pdm09 ဖြစ်ပွားမှုတွေ တဖြေးဖြေး စတင်ကျဆင်း လာတယ်လို့လည်း ဖော်ပြထားပါတယ်။

adv_banner