?bph6

Place your ads here!

 ရခိုင်ပြည်နယ် မောင်တောဒေသမှာ စားသောက်ကုန်ဈေးနန်ူးတွေအဆမတန်မြင့်တက်

ရခိုင်ပြည်နယ် မောင်တောဒေသမှာ စားသောက်ကုန်ဈေးနန်ူးတွေအဆမတန်မြင့်တက်နေပါတယ်။

လက်ဖက်ရည်ဆိုင်၊ ကုန်စုံ ဆိုင်တွေနဲ့ ဟင်းသီးဟင်းရွက်ဆိုင် အနည်းငယ်ပြန်လည်ဖွင့်လှစ်ထားပေမယ့် ကုန်ဈေးနုန်းတွေ အဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဩဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် အစိုးရရုံးဌာ ၊ စာသင် ကျောင်းနဲ့ ဈေးတွေကို ပိတ်ထား ခဲ့ပြီး ဈေးဆိုင်အချို့က ဩဂုတ် ၃၀ ရက်နေ့မှာပြန်လည်ဖွင့်လှစ်ခဲ့တာပါ။

လက်ရှိအချိန်မှာ  စားသောက်ကုန် ကုန်စိမ်းတွေအပြင် လူသုံးကုန်ပစ္စည်းတွေဈေးမြင့်တက်နေပြီး အခုလိုဈေးတွေမြင့်တက်နေရတာက ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ကုန်စည် ဝင်ရောက်မှုနည်းပါးတာတွေနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာ တွေအပြင် လုံခြုံရေး၊ အခြေအနေတွေကြောင့်ဖြစ်ပါတယ်။

adv_banner