?bph6

Place your ads here!

ရှမ်း အစိုးရ လုပ်ပိုင်ခွင့် ပိုလုပ်ဖို့ အဆို ပြည်နယ်လွှတ်တော်အတည်ပြု

ပည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်များနဲ့ ချမှတ်ထားတဲ့ မူဝါဒ ရည်မှန်းချက်များကို ပိုမိုအလေးထားပြီး ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့အဆိုတရပ် ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြုနိုင်ခဲ့တယ်လို့ ရှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြပါတယ်။ 

 

ပြည်နယ်၊ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ကိုယ်စားလှယ် စိုင်းထွန်းဥာဏ် တင်သွင်းတဲ့ အဲ့ဒီ အဆိုကို သြဂုတ် ၃၁ရက် ပြည်နယ်လွှတ်တော်မှာ ထောက်ခံမဲ ၇၆ မဲ ၊ ကန့်ကွက်မဲ ၄၈ မဲ နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဆိုတင်တဲ့ စိုင်းထွန်းဥာဏ် “ကျနော်တင်ရတဲ့ ရည်ရွယ်ချက်က အစိုးရအနေနဲ့ အစိုးရဖြစ်တာ တစ်နှစ်ခွဲနီးလာပြီ ဒီတစ်နှစ်ကျော်ကာလမှာဆိုလို့ရှိရင် အစိုးရရဲ့ လုပ်ငန်းဆောင်တာမှုကို လေ့လာသုံးသပ်တဲ့ချိန် အခြားသောတိုင်းပြည်နယ်နဲ့ ယှဉ်မယ်ဆိုလို့ရှိရင် လုံးဝအားမရဘူး။

အလုပ်မလုပ်သလိုဖြစ်နေတယ်။ သူဘာကြောင့် ဒီလိုဖြစ်နေလဲ ။ အခွင့်အရေး မရယူတတ်တာလား။ သို့မဟုတ် သူဘာလုပ်ရမယ်ဆိုတာကို မေ့နေတာလား။ သူ့မှာ ဘာအခွင့်အရေးရနိုင်တဲ့ တစ်ချက်နဲ့ သူချထားတဲ့ မျှော်မှန်းချက် မူဝါဒရည်မှန်းချက်များကို အားထားပြီးတော့ လုပ်ဆောင်သင့်တယ်” လို့ ပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီကိုယ်စားလှယ်အနည်းစုပဲ ရှိနေတာဖြစ်ပြီး ရှမ်းနဲ့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ် အများစု ရှိနေတာ ဖြစ်ပါတယ်။

adv_banner