ပါတီတွေရဲ့ ဟောပြောချက် ဒုတိယအကြိမ်ထုတ်လွှင့်မယ်

အစိုးရပိုင် ရုပ်သံလိုင်းတစ်လိုင်းတစ်ခုဖြစ်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)ကနေ ထုတ်လွှင် ပေးခဲ့တဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေရဲ့ ဟောပြောမှု ရုပ်မြင်သံကြားအစီအစဉ်တွေကို ဒုတိယအကြိမ်အနေနဲ့ ထပ်မံထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၈)ရက်နေ့ကနေ စတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV ကနေ ပထမအကြိမ် ထုတ်လွှင့်ခဲ့တဲ့ ပါတီအစီအစဉ်အတိုင်း ည ၇ နာရီအချိန်က စတင်ပြီး နေ့စဉ် ပြန်လည်ထုတ်လွှင့် ပေးသွားမှာပါ။

DASSK

လက်ရှိအခြေအနေမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ တရားဝင်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ရှိနေတဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်ရှိနေပြီး အဲ့ဒီထဲက နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ ဟောပြောမှုတွေကို နိုင်ငံပိုင်ရုပ်သံလိုင်း MRTV ကနေ ရိုက်ကူး ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

adv_banner