မျက်နှာစိမ်းတွေကို စိစစ်ထိန်းချုပ်ရေးဟာ အမျိုးသားရေး တာဝန်ဟု ကြံ့ခိုင်ရေးပါတီဆို

0
11

နိုင်ငံနဲ့ မြို့ရွာ အနှံ့မှာ လျင်မြန်စွာ ၀င်ရောက်လာနေတဲ့ မျက်နှာစိမ်းတွေကို စိစစ်ထိန်းချုပ်ရေးဟာ အမျိုးသားရေး တာဝန်ဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားပြီး ဦးသန်းဌေးက အဲ့ဒီလို ပြောကြားလိုက်တာပါ။ အဲ့ဒီလို ပြောကြားရာမှာတော့ လုံခြုံအေးချမ်းမှုကို အာမခံနိုင်တဲ့ ဥပဒေ၊ လုပ်ထုံး လုပ်နည်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖြုတ်သိမ်းခဲ့တာတွေက မျက်နှာစိမ်းတွေကို ၀င်လာစေတာလို့လည်း ရေးသားထားတာပါ။

လက်ရှိအခြေအနေမှာဆိုရင်တော့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး အမျိုးသားရေးကို ရှေ့တန်းတင်ကာ အမျိုးသားလုံခြုံရေးကိစ္စတွေကို အစိုးရအနေနဲ့ ဆောင်ရွက် ဖို့ တိုက်တွန်းမှုတွေ ရှိနေတာလဲဖြစ်ပါတယ်။

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here