အမှန်ကို သိအောင် လုပ်ဆောင်ဖို့ လိုအပ်ဟု သူရဦးရွှေမန်းဆို

အမှန်ကို သိအောင် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် သူရ ဦးရွှေမန်းက ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားရာမှာတော့ သိဖို့ လိုအပ်နေတာတွေကို မသိတာဟာ မကောင်းသလို၊ သိလျက်နဲ့ မသိဟန်ဆောင်နေတာလည်း မကောင်းတဲ့အပြင် မသိပေမယ့်လည်း သိဟန်ဆောင်နေတာ ကလည်း မကောင်းဘူးလို့လည်း ထောက်ပြထားတာပါ။

ဒါ့အပြင် သိမြင်မှုအပေါ်မှာ မူတည်ပြီး အကောင်းဘက်ကိုရောက်အောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းထားတာပါ။ လက်ရှိအခြေအနေတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အာဏာရရှိပြီး ၂ နှစ်ကျော်အကြာ အစိုးရအဖွဲ့အပေါ် ဝေဖန်မှုတွေရှိနေတဲ့ အချိန်လည်း သူရဦးရွှေမန်းရဲ့ ပြောဆိုချက်ဟာ တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

adv_banner