?bph6

Place your ads here!

 ဗိုလ်ချုပ်ကြီးခင်အောင်မြင့် အိန္ဒိယစစ်ဘက်နဲ့ ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ်( လေ ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ဟာ သြဂုတ် ၂၁ရက်က အိန္ဒိယ ကာကွယ်ရေးဝန်ကြီး Arun Jaitleyနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံတပ်မတော်အကြား လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေ ပူးပေါင်းလုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့  အိန္ဒိယသတင်းဌာနတွေမှာ ရေးသားဖော်ပြနေပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်အောင်မြင့်ဟာ အိန္ဒိယ လေတပ်ဦးစီးချုပ် BS Dhanoa နဲ့လည်းတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံလေတပ်ချင်း ပူးပေါင်းလုပ်ဆောင်ဖို့နဲ့ ဒေသတွင်း လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ် တလမပြည့်ခင်မှာပဲ မြန်မာကာကွယ်ရေးဦးစီးချုပ်(လေ) ရဲ့ အိန္ဒိယခရီးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

adv_banner