ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဆက်ဖြစ်ပေါ်နိုင်ဟု ဆို

0
17

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်လာနိုင်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign-UK အဖွဲ့က ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ပြည်နယ်အတွင်း အကြမ်းဖက်စခန်းတွေ တွေ့ရှိတာ လုပ်ကြံသတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတာတွေကို အစိုးရသတင်း အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြနေတယ်။ အကြမ်းဖက်စခန်းတွေမှာ ကုလအေဂျင်စီက လှူဒါန်းထားတဲ့ ဘီစကစ်တွေ တွေ့ရတာကိုဖော်ပြပြီး အကြမ်းဖက်သမားတွေကိုပဲ ကုလက ထောက်ပံ့ကူညီနေသလို သတင်းတွေဖော်ပြနေတာဟာ ပြဿနာကို မီးထိုးပေးသလိုဖြစ်နေတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရခိုင်နိုင်ငံရေးပါတီတွေနဲ့ အမျိုးသာရေးလှုပ်ရှားနေသူတွေကလည်း ဒေသခံတွေ စိုးရိမ်စိတ်တိုးအောင် လုပ်နေတယ်၊ ရခိုင်ပြည်နယ်တွင်း အခြေအနေတင်းမာနေတာကို လျှော့မချနိုင်ရင် နောက်ထပ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာဦးမယ်လို့ ကြေညာချက်က ဆိုပါတယ်။

သြဂုတ် ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ Burma Campaign-UK အဖွဲ့က ရခိုင်အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပေးဖို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးထံ သွားရောက်တွေ့ဆုံတိုက်တွန်းခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
(USA)

?bph6

LEAVE A REPLY

Please enter your comment!
Please enter your name here