Water Bus ပြေးဆွဲမှုကို ရေယာဉ် ၁၃ စင်းနဲ့ လကုန်ပိုင်းမှာ စတင်မယ်

ရန်ကုန်တိုင်းဒေသကြီး ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းခြင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရန်ကုန်မြစ်အတွင်း Water Bus ပြေးဆွဲခြင်းကို ဒီလကုန်ပိုင်းမှာ ရေယာဉ် ၁၃ စင်းနဲ့ စတင်နိုင်မှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA) အဖွဲ့ ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရေယာဉ် ပြေးဆွဲရမှာ ဆိပ်ကမ်းတွေကို ပြုပြင်ခဲ့လို့ နောက်ကျမှုတွေဖြစ်ခဲ့ရပြီး ရွှေပြည်သာ၊ လှိုင်သာယာ မှာ နှစ်ခု နဲ့ ဗိုလ်တစ်ထောင်မှာ ၅ ခုရှိပါတယ်။
လှိုင်သာယာကနေ ဗိုလ်တထောင်အထိ အချိန်တစ်နာရီခွဲ လောက်နဲ့ သွားရောက်နိုင်မှာဖြစ်တဲ့အတွက် အချိန်ကုန်မှုကို လျှော့စေနိုင်ပါတယ်။

အဆိုပါ Water Bus ရေယာဉ်တွေ ဟာ အနည်းဆုံး လူ ၆ဝ မှ ၃ဝဝ အထိ စီးနင်းလိုက်ပါနိုင်တဲ့ ရေယာဉ်များ ဖြစ်ပြီး ယာဉ်စီးခမှာ လမ်းတဝက် မှတ်တိုင်အတွက် ၃၀၀ ကျပ်နဲ့ ခရီးစဉ် အစအဆုံးအတွက် ၅၀၀ ကျပ် သတ်မှတ်ထားတယ်လို့သိရပါတယ်။

adv_banner