?bph6

Place your ads here!

မကြာခင် တက္ကသိုလ်၊ ကောလိပ်တွေ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရရှိတော့မယ်

အသစ်ပြင်ဆင် ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပေဒကြောင့် မကြာခင်မှာ တက္ကသိုလ်၊ ကောလိပ်တွေ လွတ်လပ်စွာ စီမံခန့်ခွဲခွင့်ရရှိတော့မယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပေးပို့တဲ့ သ၀ဏ်လွှာမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်တာဖြစ်ပါတယ်။

အလားတူ ဆရာ၊ ဆရာမတွေအနေနဲ့လည်း ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ သင်ယူလေ့လာမှု လွတ်လပ်ခွင့်တွေကို ရရှိလာမယ်လို့လည်း သ၀ဏ်လွှာကနေ တဆင့် ဂတိပြု ပြောကြားလိုက်တာပါ။

ဒါအပြင် အသက်ဝင်လာမယ့် အမျိုးသားပညာရေးဥပဒေအရ ကျင့်သုံးအကောင်အထည်ဖော်မယ့် အမျိုးသား ပညာရေးစနစ်မှာ မူကြိုပညာနဲ့ မူလတန်းပညာရေးဟာ အခြေခံကျတာကြောင့် လာမယ့် ၂၀၁၆-၂၀၁၇ ပညာသင် နှစ်က စတင်ပြီး သူငယ်တန်းပညာအတွက် သင်ရိုးအသစ် ပြောင်းလဲပြီး စတင်ဆောင်ရွက်သွားမယ်လို့လည်း သမ္မတက ပြောကြားထားပါတယ်။

YGN Universary

ဒီလို ပညာရေးကဏ္ဍကိုပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ ဆရာ၊ ဆရာမတွေအနေနဲ့လည်း မြန်မာ့ပညာရေး နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ဖို့ကိုလည်း သမ္မတ ကတိုက်တွန်းပြောကြားထားတာပါ။

လက်ရှိအခြေအနေမှာတော့ မြန်မာနိုင်ငံရဲ့ အခြေခံပညာကဏ္ဍမှာ ကျောင်းသားဦးရေ ၈ ဒဿမ ၈ သန်းနဲ့ ဆရာ ဦးရေ (သုံးသိန်း) ကျော်ရှိနေပြီး အဆင့်မြင့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းပညာကဏ္ဍမှာတော့ ကျောင်းသားဦးရေ ခြောက်သိန်းကျော်နဲ့ ဆရာဦးရေ နှစ်သောင်းကျော်သာရှိနေသေးတာပါ။

ဒါကြောင့် အစိုးရအနေနဲ့ နှစ်စဉ်တိုးတက်လာနေတဲ့ ကျောင်းသားအရေအတွက်နဲ့ ဆရာအင်အား အချိုးညီစေရေးအတွက် ဆရာများ လေ့ကျင့်မွေးထုတ်ရေး၊ တိုးချဲ့ခန့်ထားရေး၊ ဆရာတွေရဲ့ လုပ်ငန်းခွင် ဘ၀ သာယာရေးနဲပ လူမှုဘ၀ အဆင့်အတန်းမြင့်မားရေးတွေကို အစိုးရအနေနဲ့ အစီအမံတွေချပြီး အလေးထား ဆောင်ရွက်နေတယ်လို့လည်း သမ္မတက ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ရဲ့ ဆောင်ပုဒ်ကတော့ “လူ့အဖွဲ့အစည်း စဉ်ဆက်မပြတ် တိုးတက်ရေး၊ ဆရာ့စွမ်းရည်မြှင့်တင်ပေး” Empowering Teachers, Building Sustainable Societies လို့ ရည်ညွှန်းပြီး ကမ္ဘာ့ နိုင်ငံအသီးသီးမှာ ကျင်းပပြုလုပ်နေကြတာဖြစ်ပါတယ်။

adv_banner