?bph6

Place your ads here!

အုပ်စုပြိုင်ဘက်တွေကို လျှော့မတွက်ဖို့ မြန်မာ ယူ ၂၃ နည်းပြ သတိပေး

ဆီးဂိမ်းပြိုင်ပွဲဝင်မယ့် မြန်မာ ယူ ၂၃ လက်ရွေးစင် ဘောလုံးအသင်းနည်းပြ ဂတ် ဇီဆီက အသင်းရဲ့ ကစားသမားတွေအနေနဲ့ ပြိုင်ပွဲဝင်ဖို့ အဆင့်သင့်ဖြစ်နေပြီး အုပ်စုအတွင်း ပြိုင်ဘက် အသင်းတွေကို လျှော့မတွက်ဖို့ သတိပေးထားတယ်လို့ ပြောပါတယ်။

မြန်မာအသင်း ဟာ စင်ကာပူနိုင်ငံမှာကျင်းပတဲ့ ဆီးဂိမ်းဘောလုံးပြိုင်ပွဲမှာ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ အိမ်ရှင်မလေးရှားအသင်းဟာလည်း အုပ်စု အဆင့်ကနေ နောက်တဆင့်တက်ရောက်နိုင်ဖို့ ရေးပန်စားလျက်ရှိနေတယ်လို့ နည်းပြ ဂတ်ဇီဆီကပြောပါတယ်။

မြန်မာအသင်းဟာ ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာ မလေးရှား၊ စင်ကာပူ၊ လာအို၊ ဘရူးနိုင်းတို့ နဲ့ တစ်အုပ်စုတည်းကျရောက်နေပြီး သြဂုတ် ၁၄ ရက်နေ့မှာ စင်ကာပူနဲ့ စတင်ကစားရမှာဖြစ်ပါတယ်။

adv_banner