ရခိုင်မှာ တပ်မတော်သားဖြန့်ထားမှုကို စိုးရိမ်မှုဖြစ်ရတယ်လို့ မစ္စယန်ဟီးလီ ပြော

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်ရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက မြန်မာနိုင်ငံအနောက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေကို အကူညီပေးဖို့ တပ်မတော်သားတွေ ဖြန့်ချထားတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုဖြစ်ရတယ်လို့ ပြောပါတယ်။

မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးအခြေနေကို ဖြေရှင်းရာမှာ လူ့အခွင့်ရေးကို လေးစားဖို့ နဲ့ အခြေနေအရပ်ရပ်အတွက် လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းချုပ်မှု ပြုလုပ်ရမယ်လို့ မစ္စရန်ဟီးလီကပြောပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ် ၆ ရက်နေ့က မြို လူမျိုး ၆ ဦးအသတ်ခံ ရတဲ့အဖြစ်ပျက်တွေဖြစ်ခဲ့ပြီးနောက် ဘူးသီးတောင်၊ မောင်းတောမြို့တွေအပါဝင် ရခိုင်ပြည်နယ် မြို့တွေမှာ တပ်မတော်ဖြန့်ချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မစ္စယန်ဟီးလီ က ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ လူတွေရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရယ်ကင်းရှင်းရေး နဲ ပတ်သက်ပြီး စိုးရိမ်မှုတွေဖြစ်ရပါတယ်။ အစိုးရအနေနဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကနေ ရခိုင်ပြည်နယ် က ပြည်သူတွေကို တိုက်ခိုက်မှုကနေ ကာကွယ်ဖို့ နဲ့ လုံခြုံရေး အထောက်ကူပေးဖို့ တာဝန်ရှိဆိုတာ သိပေမယ့် အစိုးရရဲ့တာဝန်ယူမှုတွေဟာ အားလုံးကို လွမ်းခြုံနိုင်စွမ်းရှိရမှာဖြစ်တယ်လို့ပြောပါတယ်။

အစိုးရ အနေနဲ့ ရခိုင်ပြည်နယ် လုံခြုံရေးကိုဆောင်ရွက်ရမှာ နိုင်ငံတကာ လူအခွင့်ရေး စံနှုန်းတွေကိုလေးစားပြီး လုပ်ဆောင်စေလိုတယ်လို့ အထူးကိုယ်စားလှယ်မစ္စယန်ဟီးလီကပြောပါတယ်။

adv_banner