ဖားကန့်မှာ ဆက်ကြေးကောက်တဲ့ ကချင်တပ်ဖွဲ့ဝင် ၂ ဦး အသေဖမ်းမိ

ကချင်ပြည်နယ်၊ ဖားကန့်မှာ ဆက်ကြေးကောက်တဲ့ ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦးကို အသေဖမ်းမိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ဖားကန့်မြို့နယ်၊ မန်ပန်ရွာအရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ တောလမ်းမှာ မောင်းလာတဲ့ ဆိုင်ကယ်ကို လုံခြုံရေးတပ်ဖွဲ့တွေက တားတဲ့အခါ ရပ်မပေးဘဲ မောင်းပြေးလို့ လက်နက်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့တယ်။

ဖြစ်စဉ်မှာ ကေအိုင်အေတပ်ဖွဲ့ဝင် အလောင်း နှစ်လောင်းနဲ့အတူ မြန်မာငွေကျပ်သိန်း ၇၀၊ ၄ လက်မခန့် ပယင်းကျောက်နှစ်ချောင်း၊ ရွေးစေ့အရွယ် ရွှေခြောက်လုံး၊ ဟန်းဆက်တစ်လုံး၊ ကချင်ဘာသာနဲ့ ရေးသားထားတဲ့ စာရွက်စာတမ်းများ၊ လမ်းလျှောက်စကားပြောစက်တစ်လုံး၊ KIA အဖွဲ့ ဦးထုပ်တစ်လုံး၊ KIA အဖွဲ့ ယူနီဖောင်းတစ်စုံတို့အား သိမ်းဆည်း ရမိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးသတင်းမှာဖော်ပြပါတယ်။
(USA)

adv_banner