ရခိုင်မှာ တပ်အင်အားတိုးချလို့ စိုးရိမ်တယ်ဟု အာဆီယံအမတ်တွေ ပြော

လူအခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော် အင်အား အင်အားတိုးချဲ့ချထားတဲ့အတွက် စိုးရိမ်တယ်လို့ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပဋိပက္ခတွေ ပိုတိုးမလာအောင် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောဆိုလုပ်ကိုင်သင့်တယ်လိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တပ်မတော်အင်အား ၅၀၀ တိုးချဲချခဲ့တဲ့အတွက် ဒေသတွင်းစိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ရိုက်တာသတင်းမှာ ရေးသားဖော်ပြ ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ မောင်တောဒေသဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာတော့ ရခိုင်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်လာတဲ့အတွက် လုံခြုံရေးပိုမိုတိုးချဲ့ချထားပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
(USA)

adv_banner