မြိုတိုင်းရင်းသားများသတ်ဖြတ်ခံရမှု အစိုးရ ပြင်းထန်စွာ ရှုတ်ချ

မြိုတိုင်းရင်းသား(၇)ဦးကို သတ်ဖြတ်ခဲ့မှုဟာ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုဖြစ်တဲ့အတွက် ပြင်းထန်စွာရှုတ်ချတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သြဂုတ် ၁၁ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုနိုင်စေရန် သတ်ဖြတ်ခြိမ်းခြောက်နေခြင်းလို့ ယူဆတဲ့အကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ဆောင်ရွက်လာခြင်းကို ဥပဒေနဲ့ အညီ ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့လည်း အတိုင်ပင်ခံရုံးသတင်းမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အပြစ်မဲ့အရပ်သား ပြည်သူများကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်သွားမယ်၊ အစွန်းရောက် အကြမ်းဖက်များ၊ အစွန်းရောက် အားပေးကူညီသူများ အားလုံးကိုဥပဒေ့နဲအညီ အရေးယူဆောင်ရွက်သွားမယ်၊ နိုင်ငံတော်အစိုးရ အနေနဲ့ ဒေသတွင်းတိုးမြင့်လာတဲ့ အကြမ်းဖက်မှုဖြစ်စဉ်များ ရပ်တန့်ချုပ်ငြိမ်းရေး၊ လုံခြုံတည်ငြိမ် အေးချမ်းရေးအတွက် တပ်မတော် တပ်ရင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက် လျက်ရှိတယ်၊ လိုအပ်တဲ့ ဒေသများမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်သွားမယ်လို့ အတိုင်ပင်ခံရုံးရဲ့ “မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက်သတ်ဖြတ်မှုများ တိုးမြှင့်ဆောင်ရွက်လာခဲ့ပြီး သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာနေပါတယ်။
(USA)

adv_banner