နိုင်ငံကျော် တေးသံရှင်ခိုင်ထူးရဲ့ဈာပန

ကိုယ်ပိုင်သံစဉ်သီချင်း ခေတ်တစ်ခေတ်ကို ဦးဆောင်နိုင်ခဲ့တဲ့ နိုင်ငံကျော် တေးသံရှင်ခိုင်ထူးရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊ အနုပညာ လုပ်ဖော်ကိုင် ဖက်တွေနဲ့ ခိုင်ထူးကို ချစ်မြတ်နိုးတဲ့ပရိသတ်တွေက လိုက်ပါပို့ဆောင်ခဲ့ပါတယ်။

သြဂုတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ ပါရမီဆေးရုံမှာ ပန်ကရိယ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့ နိုင်ငံကျော်တေးသံရှင် ခိုင်ထူးရဲ့ နောက်ဆုံးဆုံးခရီးကို သြဂုတ်လ ၁၁ ရက်နေ့မှာ ရေဝေးသုဿန်မှာ မီးသဂြိုဟ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။ တေးသံရှင်ခိုင်ထူးရဲ့ နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊ ဂီတလောကက အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ပရိသတ်တွေ လိုက်ပါပို့ဆောင်ခဲ့တာပါ။

adv_banner