သုံးလွှာတိုက်ခန်း ပြတင်းပေါက်မှာ ထိုင်ပြီး သီချင်းဆိုတဲ့ အမျိုးသမီး ပြုတ်ကျ

လှိုင်မြို့နယ်၊ ၆ ရပ်ကွက်၊ ၅၁ လမ်းရှိ သုံးလွှာတိုက်ခန်း ပြတင်းပေါက်မှာထိုင်ပြီး သီချင်းနားထောင်ရာကနေ အမျိုးသမီးတစ်ဦး ပြုတ်ကျပြီး ဒဏ်ရာရခဲ့ပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီအချိန်က လှိုင်မြို့နယ်၊ (၆) ရပ်ကွက်၊ (၅၁)လမ်းရှိ လူတစ်ဦး (၃)လွှာ တိုက်ခန်းပေါ်မှပြုတ်ကျ ခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ပေါ်မှပြုတ်ကျသူမှာ နယ်ကနေ ဈေးလာရောင်းသူ သဲစုဝေ (ခ) မသဲသဲမောင်၊ (၂၇)နှစ် ဖြစ်ပြီး သူမဟာ ယောက်ျားစိတ်ပေါက်နေသူဖြစ်ကာ အရက်အနည်းငယ် သောက်စား ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြတင်းပေါက် ဘောင်ပေါ်ထိုင်ပြီး သီးချင်းနားထောင် နေချိန် ဘောင်ပေါ်ကို ထောက်ထားတဲ့လက် ချော်ထွက်ကာ ဟန်ချက်ပျက်ပြီး ပြုတ်ကျခဲ့တာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒဏ်ရာရရှိသွားခဲ့သူကို ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသခဲ့ရာ ၀ဲဘက်နံရိုး သုံးချောင်းကျိုးသွားခဲ့ပြီး အရေးပေါ်ကုသမှုခံယူကာ အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ် နဲ့ဆေးကုသမှုတွေလုပ်နေပါတယ်။

adv_banner