YBS ဘက်ကားတွေမှာ ကဒ်စနစ်လုပ်ဆောင်ဖို့ တင်ဒါစခေါ်

ရန်ကုန်မြို့က ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ကတ်စနစ်နဲ့ ယာဉ်စီးခပေးချေမှု လုပ်ဆောင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမအဆင့် အဆိုပြု လွှာတင်ဒါကို သြဂုတ် ၉ ရက်က ခေါ်ယူလိုက်ပါတယ်။

တင်တာ ခေါ်ယူမှုကို တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) နှင့် Yangon Payment Services(YPS) ကခေါ်ယူခဲ့တာဖြစ်ပြီး ကတ်စနစ် ငွေပေးချေမှု လုပ်ငန်းဝန်ဆောင်မှု အတွက် နိုင်ငံသားပိုင် ပြည်တွင်းကုမ္ပဏီများ (သို့မဟုတ်) မြန်မာနိုင်ငံသားများနဲ့ နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများ တင်ဒါတင်သွင်း လျောက်ထားနိုင်ပါတယ်။

တင်ဒါအဆိုပြုလွှာ (ပထမအဆင့်)ကို သြဂုတ် ၉ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး တင်ဒါနဲ့ပတ်သက်တဲ့ အသေးစိတ်ရှင်းလင်းတဲ့ အစီအစဉ်ကို သြဂုတ် ၁၅ ရက်နေ့မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ရှင်းလင်းသွား မှာဖြစ်ပါတယ်။

adv_banner