?bph6

Place your ads here!

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်တွေကို နှစ်ဘက်ခေါင်းဆောင်တွေဆီမှာ အဆုံးအဖြတ်ခံမယ်

အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN တို့ရဲ့၂ ရက်ကြာ စည်းဝေးပွဲ ပြီးဆုံးခဲ့ပြီး နှစ်ဘက်ဆွေးနွေးလို့ရတဲ့ ရလဒ်များကို သက်ဆိုင်ရာ နှစ်ဖက်ခေါင်းဆောင်များထံ ပြန်လည်တင်သွားမယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ် ၁၀ရက်နဲ့ ၁၁ ရက် နှစ်ရက်လုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ နှစ်ဖက်ဆွေးနွေးလို့ရတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို နှစ်ဖက်ခေါင်းဆောင်တွေထံ ပြန်တင်ပြပြီး အဆုံးအဖြတ်ခံရမယ်လို့ ဆွေးနွေးပွဲအပြီး ဒီနေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြပါတယ်။

အပစ်မရပ်တပ်ဖွဲ့တို့ရဲ့ နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN ပြောခွင့်ရ ဦးထွန်းဇော်က “ကျွန်တော်တို့ အဆိုပြုထားတဲ့ ၅ ၆ ၇ ဆိုတာက နိုင်ငံရေးပိုင်းရော တပ်ပိုင်းဆိုင်ရာရော ချိတ်ဆက်နေတယ်၊ အသေးစိတ်ကျကျပြောမယ်ဆိုရင် အဲဒီမှာ နှစ်ပိုင်းတွဲနေတယ်၊ မူဝါဒပိုင်းနဲ့ နည်းပညာပိုင်းပေါ့၊ ပေါ်လစီပိုင်းက နည်းနည်း မပြတ်နိုင်သေးတဲ့ အနေအထား ရှိတယ်၊ အထူးသဖြင့် ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတကာပါဝင်မှုနဲ့ ပတ်သက်ပြီးတော့မှ မူဝါဒပိုင်းဆိုင်ရာမှာ နှစ်ဖက်ခေါင်းဆောင်တွေက ဖြတ်ပေးဖို့ အနေအထား လိုပါသေးတယ်၊”

နည်းပညာပိုင်းဆိုင်ရာကိစ္စတွေမှာ ကော်မရှင်နဲ့ DPN တို့ ဖြတ်လို့ရပေမယ့် မူဝါဒပိုင်းရာကတော့ ခေါင်းဆောင်တွေ ဖြတ်ပေးရမှာဖြစ်တယ်လို့လည်း ပြောပါတယ်။
အပစ်မရပ်တပ်ဖွဲ့တို့ဘက်က အစိုးရထံ အချက် ၈ ချက် တောင်းဆိုထားပြီး အဲဒီ ၈ ချက်ပြေလည်ရင် NCA မှာ လက်မှတ်ထိုးမယ်လို့ အချက် ၉ မှာ ဖော်ပြထားပါတယ်။

အစိုးရဘက်က လာမယ့် NCA ၂ နှစ်ပြည့်မှာ အပစ်မရပ် UNFC တပ်ဖွဲ့ ၅ ခုကို လက်မှတ်ထိုးစေလိုတဲ့ ဆန္ဒရှိနေတာဖြစ်ပြီး နှစ်ဘက် ၇ ကြိမ်မြောက်ဆွေးနွေးပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ ဒီနေ့မှာ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။
(USA)

adv_banner