ကုလက ရခိုင်ရှိ နိုင်ငံတကာအဖွဲ့တွေကို လုံခြုံရေး သတိပေး

ကုလသမဂ္ဂက ရခိုင်ပြည်နယ်အတွင်းရှိ နိုင်ငံတကာလူမှုအဖွဲ့အစည်းများကို လုံခြုံရေးသတိပေးထားတယ်လို့ သြဂုတ် ၁၀ရက်က သတင်းရရှိပါတယ်။

နိုင်ငံတကာလူမှုအဖွဲ့အစည်းများကို ဆန္ဒပြတာတွေ ရန်လိုလုပ်ဆောင်တာမျိုးတွေ ဖြစ်လာနိုင်လို့ အဖွဲ့အစည်းဝန်ထမ်း ၃၀၀ လောက်ထံ သတိပေးစာပေးပို့ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လဆန်းပိုင်းမှာ ပြည်နယ်အတွင်းရှိ နိုင်ငံတကာလူမှုအဖွဲ့တွေက ၀န်ထမ်း ၄ဦးထက်မနည်းဆီကို ဒေသတွင်းကထွက်ခွာသွားဖို့ ဒေသခံတွေကပြောဆိုကြောင်း သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်မှာ လူမှုကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေကြတဲ့ နိုင်ငံတကာလူမှုအဖွဲ့အစည်းအပေါ် တိုင်းရင်းသားတွေက အမြင်မကြည်လင်မှုတွေရှိနေပြီး ဒီအဖွဲ့အစည်းတွေပြည်နယ်ထဲရောက်လာမှ မတည်မငြိမ်ဖြစ်ရတယ်လို့ စွပ်စွဲပြောဆိုချက်တွေ ထွက်ပေါ်ပါတယ်။

မကြာသေးခင်ကလည်း ပြည်နယ်အစိုးရက ပြည်နယ်အတွင်းရှိ နိုင်ငံတကာလူမှုအဖွဲ့အစည်းတွေကို သူတို့ရဲ့ ကြီးကြပ်မှုနဲ့ လုပ်ငန်းတွေလုပ်ဆောင်ရမယ်လို့ ကြေညာချက်ထုတ်ပြန်အသိပေးထားပါတယ်။

adv_banner